YouTube နဲ့ Facebook မှာ Video တင်ပြီး ဝင်ငွေရှာဖို့က သိပ်တော့ မလွယ်လှပေ။ ခု အခြေအနေလိုမျိုးဆို ပိုလို့ ဆိုးပေါ့။ စကတည်းက ကျော်ခွပြီး လုပ်နေရပါတယ် ဆိုမှ၊ ခုတော့... ။ မြန်မာကိုက ကနဦး ကတည်းက ခွင့်မပြုထား သေးပေ။ ပြည့်သူ့ အစိုးရ သာ ဒီသက်တမ်းမှာ ဆက်ပြီး ကိုင်တွယ်ခွင့်ရခဲ့ပါက ခုချိန်မှာ ထို အဆင်မပြေမှု အခက်အခဲတွေ ရှိတော့ မည် မဟုတ်ပေ။
YouTubers နှင့် Facebook video လုပ်သူများအဖို့ အခု ကာလမှ အတော်လေး ဘေးကြပ်နံကြပ် ဖြစ်ရသည်ဆို၏။ အဟောင်းတွေတောင် မလွယ်တာ ခုမှ အသစ် လုပ်မယ့်သူတွေဆို ပိုဆိုးမည်။ မရဘူးရယ်တော့ မဟုတ် ရ၏။ ဒါပေမယ့် ကျော်ရခွရနဲ့ အတော်လေးတော့ တိုင်ပတ်ပေလိမ့်မည်။ ပြည်ပမှာ နေထိုင်သည့် စိတ်ချယုံကြည်ရင်းနှီးရသော အမျိုး သူငယ်ချင်း အသိရှိရင်တော့ ပိုမို လွယ်ကူပြီး အဆင်ပြေပေလိမ့်မည်။ ဒါတောင် YouTube အတွက်က subscribe ဘယ်လောက်နဲ့ watch hour ဘယ်လောက် ရှိထားရမည် ဆိုတာမျိုးက ရှိသေး၏။ သက်မှတ်ချက်နဲ့ ကိုက်ညီမှသာ monetization အောင်ပြီး ကြော်ငြာတွေ ချပေး ပေလိမ့်မည်။ ထိုသို့မှ မဟုတ်ရင်တော့ ဒုံရင်း ဒုံရင်းပင် ဖြစ်နေပေလိမ့်မည်။
Facebook ကလည်း သိပ်မထူးပေ။ မြန်မာကို ခွင့် မပြုသေး။ မိမိ page, account က လူသိများ အခြားသူများ အပ်နှံသည့် products တွေကို မိမိ post, video တွေကို ထည့်ပေးခြင်းကနေတော့ ဝင်ငွေ ရနိုင်ပါသေး၏။ ဒီလိုပါပဲ ပိုက်ဆံရသည့် အလုပ်ကတော့ ဘယ်လွယ်နိုင်မလဲ။
YouTube channel လေး တခု လုပ်ဖို့တော့ စိတ်ကူး ရှိပါ၏။ တွေးထားတာတော့ ကြာပါပြီ၊ မလုပ်ဖြစ်သေးတာ တခုပဲ။ တချိန် လုပ်မယ် လုပ်မယ်တဲ့ ခုတော့ ပိုလို့ ဝေးသွား ခဲ့ရ၏။ YouTube ထက်စာရင် 3speak က ကျနော်တို့ အတွက် ပို အဆင်ပြေမည် ထင်၏။ YouTube လောက်တော့ လူသိ၊ လူသုံး မများသေးဘူးပေါ့။ YouTube လို subscribe နဲ့ watch hour သတ်မှတ်ချက် တွေ မရှိ၊ Hive account လေး တခု ရှိရင်ကို ရပြီ။
Hive account နဲ့ ချိတ်ဆက်ပြီး မိမိ ဖန်တီးထားသည့် video တွေကို 3speak မှာ တင်လို့ရပြီ။ YouTube လို viewer များရင် ဝင်ငွေ များမယ် လိုမျိုးတော့ မဟုတ်ပေ။ 3speak ကတော့ vote ပေးသူပေါ် မူတည်ပြီး reward ရရှိမည် ဖြစ်၏။ YouTube ကတော့ ပိုပြီး အကျိုးအမြတ် ရနိုင်တာ မှန်ပေမယ့် 3speak လေးကိုလည်း ပစ်ပယ် မထားသင့်ပေ။ ကိုယ့်မှာ Hive account ရှိမယ် ပြီး ဖန်တီးထားသည့် video လေးတွေ လည်း ရှိမယ် ဆိုရင်တော့ 3speak ကို စမ်းကြည့်သင့်၏။ ကြားထဲ YouTube channel အဆင်ပြေသွားတော့လည်း နှစ်နေရာ လုံးမှာ တင်ပေါ့ ဟုတ်ဘူးလား။