ငါ့ အသံနဲ့ ငါ
ပဲ့တင်ထပ် တယ်
ညဖက် ညဖက်တွေ
ချောင်းဆိုး လိုက်ရင် ပို သိသာတယ်
ဂစ်တာ ဆီကနေ ပြန်လာတဲ့ အသံတွေပေါ့
ငါလား...
ဂစ်တာ ကောင်းကောင်း တီးတတ်တယ်
လက်ကွက်တော့ မရဘူး
တန်တယ်ဆိုပြီး ဝယ်ထားတဲ့
တပတ်ရစ် ဂစ်တာ
တချိန်တော့ တီးမယ် (အတီး သင်မယ်) နဲ့
ခုတော့...
သူ့မှာလည်း ဖှုန်တွေနဲ့
ငါ့ မှာလည်း ဒဏ်ရာတွေ နဲ့
(ဤကား စကားချပ်)
မပြော မပြီး မတီး မမြည်တဲ့လား
ပြောခဲ့ လို့ပဲ မစခင်က ဇာတ်သိမ်း
တီးလွန်းလို့ပဲ နှလုံးသား အဆန်ချောင်
ဒီလိုနဲ့
ငါ့ နှလုံးသားလေး ဆယ်ပြား လိုနေတာ ကြာခဲ့ပေါ့
နေမြင့်လေ အရူးရင့်လေတဲ့
ဝါရင့် အချစ်ရူး ပြပါဆို
ငါ့ ကိုသာ လက်ညှိုး ထိုးလိုက်
အသည်းနှလုံးမရှိတဲ့သူ ပြပါဆို
သူမကိုသာ လက်ညှိုး ထိုးလိုက်
အချစ်မှာ
မတရားတာတွေ တရားတာတွေ မရှိပါဘူး
ဘာတဲ့ ရှေးလူတွေတောင် ပြောခဲ့သား
အချစ်နဲ့ စစ်မှာ မတရားတာ မရှိတဲ့
ဒါနဲ့ပဲ... ငါ့မှာ
ငါ့ တရားနဲ့ ငါ လွမ်းခဲ့ပေါ့
အခွင့် ရှိလို့
ထပ်ချစ်လည်း ထပ်ပြီး အသည်းကွဲ ရဦးမှာပဲ
အသည်းခွဲခံရတဲ့ နေရာမှာ ငါက ဆရာကျနေခဲ့ပြီ
သူမရဲ့ (၃၁) ဘုံမှာ
ငါက
အမြဲ ထာဝရ အငြင်းပယ်ခံပေါ့။