မင်္ဂလာပါ။
ယခင်နေ့က ကျွန်တော် နေထိုင်ရာ ကျေးရွာ အနားက အခြားကျေးရွာ နှစ်ရွာမှာ ဘုရားပွဲ ကျင်းပခဲ့ပါတယ်။
ဘုရားပွဲ အမည်မှာ ကြက်တူရွေးဘုရားပွဲ ဖြစ်ပါတယ်။
ကြက်တူရွေးဘုရားသည် အောက်တော၊ သမန်း ကျေးရွာနှစ်ရွာ၏ ယာတောများ အကြား၌ တည်ရှိပါသည်။
ကျေးရွာအနားမှာ မဟုတ်ဘဲ တောထဲမှာ ဖြစ်သောကြောင့် ကျွန်တော်လည်း တကူးတက မသွားရောက်ဖူးပါ။
ဘုရားပွဲသည် အဖိတ်၊ ဥပုသ် နှစ်ရက် ဖြစ်ပြီး အဖိတ်နေ့မှာ အလည်လာကြသော ဧည့်သည်များကို ကျေးရွာခံအိမ်ရှင်များမှ ထမင်း၊ဟင်း၊ မုန့်ပဲသွားရည်စာများ ဖြင့် ဧည့်ခံကျွေးမွေးကြပါတယ်။
ထိုညနေခင်းမှာ ရွာသူရွာသားများ ပါဝင်သီဆိုကပြကြသော အငြိမ့်တေးသွားသဘင် ကိုလည်း အသေးစား ကျင်းပခဲ့ကြပါတယ်။
ဥပုသ်နေ့မှာတော့ ရွာသူရွာသားများသည် ဘုရား သို့ သွားရောက်ကာ ဆွမ်းတော်တင်ကြပါသည်။
ကျွန်တော်တို့မိသားစု ကတော့ အဖိတ်နေ့ နေ့လည်ခင်းမှာ ဘုရားပွဲ ကျင်းပရာ ရွာသို့ အလည်သွားခဲ့ကြပါတယ်။။
နေ့လည်စာ ထမင်း နှင့် ဟင်းမျိုးစုံ ကို စားခဲ့ကြပြီး လက်ဆောင်ပေးလိုက်သော မုန့်များကို ယူဆောင်ကာ ပြန်ခဲ့ကြပါတယ်။
အထက်ပါ ပုံများကတော့ ပွဲပြန်မုန့်များ ဖြစ်သော ထိုးမုန့် နှင့် မုန့်ဩဇာစာလေးခွေ ဖြစ်ပါတယ်။
ထိုးမုန့်ကတော့ တစ်ရက်နှစ်ရက် အတွင်း ကုန်အောင် စားမှ ဖြစ်ပါမည်။
စာလေးခွေကတော့ အိတ်ထဲမှာ လေလုံအောင် ထားနိုင်ရင် ကြာရှည်ခံပါသည်။
သို့သော် တစ်ပတ်ကျော်ကြာသည်ထိတော့ မကောင်းပါ။
နိုင်ငံရေးအခြေအနေ မည်သို့ပင် ဖြစ်နေစေကာမူ ဘာသာရေးပွဲတွေကိုတော့ လုပ်လို့ရသမျှ လုပ်နေကြသည်မှာ အဆင်ခြင်မဲ့သော ရိုးရာဓလေ့ပင် ဖြစ်ပါတော့သည်။
ရွှေအနာဂတ်