Cryptocurrency ဆိုင်းဝိုင်းကြီး

in HIVE-MYANMAR15 days ago

img_0.7621092795142147.jpg

ကိုယ့်‌တွေ နေ့စဉ် ပိုစ့်တင်နေသည်ပင်
Hive နှင့် Cryptocurrency များကို
အဆက်ပျက်သွားသည်။ မနေ့က
Myanmar Hive Community မှာ
ကိုယ်တွေ မသိသေးတဲ့ အရာများကို
တွေ့ရှိရသည်။ အမှန်တကယ်ဆို
Cryptocurrency က ဆိုင်းဝိုင်းကြီးနဲ့
တူနေသလိုပ။ တိုကင်တွေ ကွိုင်းတွေက
ဆိုင်းဆရာတီးတဲ့ ပတ်လုံးလေးတွေအလား။

img_0.27013594970207033.jpg

ကိုယ်မတီး၊ မထိရသေးတဲ့ ပတ်လုံး တိုကင်၊
ကွိုင်းတွေအများကြီးရှိနေသည်။ ကိုယ်တွေ
အဖွဲ့ရဲ့ I Love Hive Facebook Group
ကိုပင် မနေ့ကမှသိရ၍ အဖွဲ့သို့သွားကာ
ကမန်းကတန်းအပ်ရသည်။ ထိုအပြင်
ကိုယ်လို မသိသေးသူများအတွက်
တိုးတိုးတိတ်တိတ်လေးပြောပြရအုံးမယ်။
ဆရာသမား တွေကတော့ ပြောတော့
ပြောကြမှာပဲ သို့သော် ကျုပ်က
တတောင်ပြတာတောင် တမိုက်လောက်
မြင်ဖို့ ခဲယဉ်းတဲ့သူဆိုတော့ကာ။
နောက်ကောက်ကျ ကျန်နေခဲ့တာ မဆန်းပ။

img_0.9885435511547408.jpg

ဒီကြားထဲ leodex က TIX ဘာတွေစိတ်ကူး
ထသလဲမသိ ဝုန်းကနဲ့ ဈေးတွေတက်လိုက်ထာ
ကိုယ်ဝေါလက် ကိုတောင် မျက်စိပွတ်ကြည့်
ပြူးကြည့်ရသေး။ leodex မှာ ယခင်က
Wallet တန်ဘိုးက $50 60 ကျော် ရှိနေရာက
အကျိုးနည်း $2000ကျော် ခုန်တက်သွားတော့
ရင်ဘတ်ကြီးဖိထားရသေး။ အတော်ဆိုးတဲ့
TIX ရောင်း ဝယ်လုပ်ကြည့်တော့လည်းမရ။
မြင်သာမြင် မကြင်ရတဲ့ TIX။ လာပြီး
ကျီစားနေသေး။

လုပ်ပြီ စကားလမ်းကြောင်း မလွှဲပါနဲ့။
အဲ အင်း ဟိုဟာ တိုးတိုးတိတ်တိတ်
ဆိုတာကို ပြောသလား။ ပြောပြမယ်။
ဂလို။ Coinmarketcap ကို သိကြသလား။
အဲ့ Coinmarketcap က ကျုပ်ကတော့
ဟိုက်ဈေးသိဖို့ အသုံးပြုတာ အခြားဘာတွေ
အသုံးပြုရသေးလဲမသိဘူး။ အဲ အခြား
ဘာတွေ အသုံးပြုရသေးလဲဆိုတော့
တခုသိတာရှိတယ်။

img_0.5661375966900527.jpg

အဲ့ တခုက Coinmarketcap က ကျုပ်ကို
Diamonds တွေပေးသဗျ။ သူကပေး
သော်လည်း ကျုပ်ကယူဖို့ မေ့ မေ့နေသေးဗျို့။
လွတ် အသုံးမကျတဲ့ ငါနဲ့ ပေးတာတောင်
မယူတတ်ဘူး။ သူကနေ့စဉ်ပေးတာ
ပေးတာများ ပထမရက်၊ ဒုတိယရက်တွေ
10Diamonds စီပေးတာ။ ရက်ဆက်တိုက်နှိပ်ပြီး
မပျက်မကွက်ယူရင် တတိယနေ့ဆို ပိုပေးတယ်။
ထိုနည်းတူ စတုတ္ထ၊ ပဉ္စမနေ့တွေမှာလည်း
တိုးတိုးပေးသွားသဗျို့။

ကျုပ်များ ဒီလောက်ပေးတာကို လွတ်မေ့တာ
ကလား။ တစ်ရက်နှိပ်ပြီး နောက်ရက်နှိပ်ဖို့မေ့။
နှစ်ရက်နှိပ်ပြီး ဆက်နှိပ်ဖို့မေ့ အဲ့မေ့နေတာနဲ့
10Diamonds ကကို မတက်တော့ဘူး။
ဒီနေ့တော့ သုံးရက်မြောက်နေ့ပ မမေ့အောင်
သတိထားနှိပ်ရအုံးမယ်။ ကျုပ်မပြောပြီလား
Cryptocurrency က ဆိုင်းဝိုင်းကြီးနဲ့
တူပါတယ်ဆို အပတ်ကိုမလည်ပါဘူး
လိုက်နှိပ်နေရတာ။ လွတ်သွားတဲ့ ပတ်လုံး
လေးတွေက ရှိသေးသဗျာ။ စိန်ဗေဒါကြီးတို့
စံတော်ချိန် စိန်ဘမောင်တို့ ဆိုင်းဆရာတွေများ
တော်ချက်။ ပတ်လုံးလေးတွေ တလုံးမှ
မလွတ်စေရဘူး။ ကဲ ကျုပ်တို့အဖွဲ့သားတွေလည်း
Cryptocurrency ဆိုင်းဆရာတွေဟာမို့
တိုကင်၊ ကွိုင်း ပတ်လုံးလေးတွေကို
တိန် တိန် နဲ့ မြည်အောင် မလွတ်တမ်း
တီးလိုက်ကြပါစို့။

@htwegyi
13-1-2022

Sort:  

တော်တော်လေ့လာနေရပါတယ် အများကြီးဗျ !PIZZA !LOLZ !LUV


@nayhlaingsoe(1/1) gave you LUV. H-E tools | connect | <><

Did you hear about the Irish guy who was assassinated at the antique store?
It was a knick knack paddy whack.

Credit: playbyhive
@htwegyi, I sent you an $LOLZ on behalf of @nayhlaingsoe
Use the !LOL or !LOLZ command to share a joke and an $LOLZ. (1/2)

ဟုတ်တယ် လိုက်လို့မမှီနိုင်ဘူး။

မျက်စိလျှင်မှဗျို့ ...
!PIZZA

လက်လဲ သွက်မှ မို့လား။

PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
@nayhlaingsoe(1/10) tipped @htwegyi (x1)
tin.aung.soe tipped htwegyi (x1)

Learn more at https://hive.pizza.

မျှ​ဝေ​ပေးတာ ​ကျေးဇူးပါ ဘ​ထွေး​ရေ မတ်မတ်စုက ဘ​​ထွေးထက်စိုးတယ်

တဖြည်းဖြည်း သိလာမှာပါလေ။

တိန် တိန် မြည်တာပဲသိနေ လက်ကို ပတ်တီးတွေစီးပြီး လက်အနာခံ တီးနေရတာလဲမသိပဲနဲ့ 😄

အနာခံတော့ နား အသာစံရတာပ။

ကြာရင် ပတ်လုံး တွေမဟုတ်ဘူး ပတ်မကြီးပါ တီးရတော့မှာ😁😁

ချသာ ချ ရွာစားကြီးရြေ။

HIVE က Facebook GP ရှိသေးတာလား Link လေး ပေးပါအုံး အကိုရေ

ကျေးဇူးပါခင်ဗျ..... Request တော့ လုပ်ထားလိုက်ပြီ

ဟုတ်တယ် TIX Token က အဲဒီလို ပုံစံလေးနဲ့ ရုတ်တရက် ဖြစ်ဖြစ်သွားတာ။...

အခုတော့ တတိန်တိန်နဲ့ ဆိုင်းဝိုင်းက မြိုင်လာပီနော်။ !LOLZ

OH NO!
You are out of jokes for the day!

@nyinyiwin you can call @lolzbot a maximum of 6 times per day.
Level up by buying more $LOLZ so you can share more jokes per day!

မြိုင်မြိုင်ဆိုင်ဆိုင် crypto ဆိုင်းဝိုင်းကြီးပ။

Congratulations @htwegyi! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s):

You got more than 10500 replies.
Your next target is to reach 11000 replies.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out the last post from @hivebuzz:

Hive Power Up Month - Feedback from day 10
Support the HiveBuzz project. Vote for our proposal!

ဆိုင်းဝိုင်းကြီးက စည်တယ်ဗျို့။

Yay! 🤗
Your content has been boosted with Ecency Points, by @htwegyi.
Use Ecency daily to boost your growth on platform!

Support Ecency
Vote for new Proposal
Delegate HP and earn more