ကန်စွန်းရွက်ကြော် ပူပူလေး

in HIVE-MYANMARlast month (edited)

img_0.7621092795142147.jpg

အဖေ့အိမ် ခြံစည်းရိုး အပြင်ဖက်မှာ
မြောင်းရှိသည်။ အိမ်တိုင်းမှာ ခြံအပြင်၌
ရေမြောင်းရှိကြပေမည်။ အဖေ့ခြံ ရေမြောင်းက
မိုးတွင်း၌သာ ရေရှိသည်။ ဆောင်းနှင့်
နွေရာသီ၌ ရေမရှိပေ။ ယခုလို မိုးရာသီမှာ
မြောင်းက ရေအပြည့်ရှိသည်။
အနိမ့်ပိုင်းမှာ ရှိသောကြောင့် မိုးများသည့်
နေ့များတွင် လေးငါးရက်၊ တပတ်ခန့်
မိုးရေများရှိနေတတ်သည်။

ထိုမိုးရေများဖြင့်ပြည့်နေသော မြောင်း၌
ကန်စွန်းရွက်များက အလွန်သန်စွာ
ပေါက်နေသည်။ နေ့စဉ်နီးပါး ခူးသည်တောင်
အညွန့်များက ခူးမကုန်နိုင်ပေ။
အိမ်မှ စနေသားအကိုက မနက်မိုးလင်းသည့်နှင့်
သူစိတ်ကူးရလျှင် ကန်စွန်းရွက်များ
ခူးထားသည်။ ကန်စွန်းရွက်ခူးပြီး

img_0.9914874886070566.jpg

"ကန်စွန်းရွက်ကြော်ဆိုပြီး ပေါ့သေးသေး
မမှတ်နဲ့၊ ကန်စွန်းပလိန်းဆိုပြီး ဆိုင်မှာ
ထောင့်နှစ်ရာ ပေးဝယ်စားရတာနော်"

တစ်နေ့က စနေသားက စောစော
ထပြီး ကန်စွန်းရွက်ခူးဖို့ ဟန်ပြင်နေစဉ်
အမျိုးသမီးတစ်ဦးက သူ့ထက် အရင်ဦးစွာ
ခူးနေသည်။

"ခူးပါစေ ကုသိုလ် ရတာပေါ့"

img_0.8816504583176449.jpg

"အံမယ် ငါ့သားက ဒီလိုဆိုတော့
မဆိုးရှာပါဘူးအေ၊ တနေ့ကတောင်
လူတယောက် စက်ဘီးလေးရပ်ပြီး
တို့ခြံနားက ကန်စွန်းရွက်လေးတွေ ခူးသွားတာ။
ဒီလို ခက်ခဲတဲ့ ခေတ်ကာလကြီးမှာ
ကန်စွန်းရွက်ကြော် တခွက်ကလည်း
ဟင်းဖြစ်စေတာပါပဲ"

ထိုအခါ စနေအမဖြစ်သူက

"အမေလည်း ကျုပ်ကြော်တဲ့ ကန်စွန်းရွက်
စိမ်းစိမ်းလေးကြိုက်တယ်မို့လား"

"အေးဟ အမ ရ နင်ကြော်တဲ့ ကန်စွန်းရွက်က
စားကောင်သဟ၊ ဆိုင်ကကြော်တဲ့
အတိုင်းပဲ"

"အံမှာ ကန်စွန်းရွက်ကြော်တာ ပညာပါတယ်နော်။
မကြော်တတ်ရင် ဝါပြီးနွမ်းနွမ်းကြီး
စားမကောင်းဘူး။ ကြက်သွန်နီနဲ့
ကြက်သွန်ဖြူလေးကို မကြွင်းအောင်ကြော် ။
ပြီးရင်း ကန်စွန်းရွက်ကိုထဲ့ အထက်အောက်
မွှေ။ သွားပြီးမအုပ်နဲ့နော် အစိမ်းရောင်လေး
ဖြစ်နေအောင် အပေါ်အောက် လှန်ပေး။
အပေါ်အောက်လှန်နေတုန်း ခရုဆီ၊ ဆား၊
အချိုမှုန့်၊ ငံပြာရည်နဲ့ ငရုပ်သီးစိမ်းလေးထဲ့ပြီး
မွှေပေး။ ပြီးရင်း အရည်လေးသောက်ချင်တယ်ဆို
ရေနည်းနည်းထဲ့ ပြီးအုပ်ထားတော့။
တစ်မိနစ် နှစ်မိနစ်လောက်ဆို အဖုံးလှပ်ပြီး
အထက်အောက်မွှေပြီး ပန်းကန်ထဲ
တန်းထဲ့ပြီး ပူပူလေးစားလိုက်တော့။
ရှယ်ကန်စွန်းရွက်ကြော်ပူပူလေး
စားလို့ ကောင်းမှကောင်း"

img_0.6199188046090587.jpg

"ကန်စွန်ရွက်ကြော်ကို ဒယ်အိုးထဲ
တန်းလန်းကြီး အကြာကြီးမထားနဲ့
ကြော်ပြီးပြီးချင်း ပန်းကန်ထဲ တန်းထဲ့
ဒါမှ အစိမ်းရောင်လေးနဲ့ စားချင်စဖွယ်
ကောင်းတယ်"

"ဝိုး ကန်စွန်းရွက်ကြော်လေးနဲ့
ထမင်းစားလိုက်ပါအုံးမယ်"

ကဲ Hive မိတ်ဆွေအပေါင်း
ကန်စွန်းရွက်ကြော်လေး
ကြော်စားကြည့်လိုက်ပါအုံးဗျာ။

@htwegyi
15-9-21

Sort:  

ဟဟ မိုက်တယ် ကြည့်ရင်းဗိုက်ဆာလာတယ်ဗျာ။

ဗိုက်ဆာသွားပြီးမို့လား

အော်မေ့လို့ ပီဇာလေး အချိုတည်းပါအုန်း--- 😊😊😁😁 !PIZZA

@htwegyi! I sent you a slice of $PIZZA on behalf of @nyinyiwin.

Did you know Pizzabot in Discord has a bunch of useful commands? (3/10)

ကိုရွှေကြီးတောင် !PIZZA ပို့နေပြီပဲ။

@nyinyiwin! I sent you a slice of $PIZZA on behalf of @tin.aung.soe.

Did you know you can earn $PIZZA through Hive-Engine Diesel Pools? (9/10)

ကျေးဇူးပါဗျာ

ကန်စွန်းရွက်ကြော် သိပ်ကြိုက်ဗျာ။ !PIZZA

@htwegyi! I sent you a slice of $PIZZA on behalf of @tin.aung.soe.

Did you know you can earn $PIZZA through Hive-Engine Diesel Pools? (8/10)

အတူတူပဲဗျို့

စား​တောင် စားချင်လာပြီ ရန်ကုန် တိုက်ခန်း​တွေက​တော့ ခူးစားစရာ မရှိ ဝယ်စားရသည်

ဝယ်စားတဲ့ ကန်စွန်းရွက်က ကြမ်းတယ် သွားကြားညပ်တယ်
ဒီကန်စွန်းက နူးညံ့တယ်ဗျ။

ဟုတ်မယ်ဗျ


The rewards earned on this comment will go directly to the person sharing the post on Twitter as long as they are registered with @poshtoken. Sign up at https://hiveposh.com.

ကန်ဇွန်းရွက်ကြော်ပူပူလေး ဘီယာအေးအေးလေးနဲ့မြည်း
အပူနဲ့အအေး ပေါင်းဖက် ၊တယ်လိုက်သဗျာ 😅 !PIZZA

@htwegyi! I sent you a slice of $PIZZA on behalf of @myanmarkoko.

Did you know PIZZA has a very active community Discord? (8/10)

ကြည့်စမ်း ကောင်လေး တယ်တတ်။

ကန်းစွန်းပလိန်း ချဥ်စပ်လေးကတော့ မိုက်ပြီလေ !PIZZA

@htwegyi! I sent you a slice of $PIZZA on behalf of @callmemaungthan.

Did you know you can earn $PIZZA daily by delegating HivePower to Hive.Pizza? (2/10)

ဆွဲပြီလေ

Yay! 🤗
Your content has been boosted with Ecency Points, by @htwegyi.
Use Ecency daily to boost your growth on platform!

Support Ecency
Vote for Proposal
Delegate HP and earn more

ချက်ချင်းခူးချက်ချင်းကြော်...လတ်လတ်ဆတ်ဆတ်ပေါ့...

ဟုတ်ပေ့ဗျို့

ကန်စွန်းရွက်ကြော် ပူပူစိမ်းစိမ်းလေး စားချင်လိုက်တာ။ကြော်စားပါအုံးမည်။ !PIZZA

@htwegyi! I sent you a slice of $PIZZA on behalf of @uthantzin.

Have you voted for Pizza teams Hive witness (pizza.witness)? (8/10)

ကြော်စားပါလေ ကောင်းမှကောင်း

ကန်စွန်းရွက်တွေအများကြီးပဲ

များဆို အ လေ့ကျပေါက်တာကိုး

ကဇွန်းပလိန်း ကြိုက်တယ်

အကြိုက်တူ