နံ့သာနီ creation

in HIVE-MYANMARlast month

img_0.7621092795142147.jpg

တနေ့က hive မှာပိုစ့်တင်ဖို့ ကုန်ကြမ်း
ရှာမိသည်။ ကလေးကုလား ပြောရမလား
ကုလားကလေးပြောရမည်လား။
အိမ်ဘေး ခြံဘေးပေါက်နေသည့်
နံ့သာနီပင်မှ အစေ့နီလေးများကို
မြင်၍ စိတ်ကူးရသည်။ ထိုအစေ့လေးများက
ရဲရဲနီနေသည်။ မြေမှာ ပြန့်ကျဲနေသည်။
မိုးရာသီမို့ မြေမြုပ်‌တဝက် မြေပေါ်တဝက်
ပေါ်နေသည်။ အချို့ အစေ့လေးများက
အပင်ပေါက်လေးများပင် ပေါက်နေသည်။

ကျွန်တော် သိထားသည်မှာ နံ့သာနီ
နံ့သာဖြူ ဆိုသည်မှာ တန်ဘိုးရှိသည်။
သူ့အသားများကို အနံ့ရရန်ပြန်ပေါင်း
၍ မွှေးရနံ့များရရှိပါက ပြန်လည်းရောင်းချ
လျှင် ဈေးကောင်းရသည်။ အိမ်ဘေး
ပေါက်နေသည့်အပင်က ဘေးအိမ်မှ
အပင်ပိုင်ရှင်က ပြော၍ နံ့သာနီပင်ဟု
သိရသည်။

ငယ်စဉ်ကတော့ ထို နံ့သာနီ နံ့သာဖြူ
ပင်များမှ အကိုင်း ပင်စည်ကို ခုတ်၍
ကျောက်ပြင်ပေါ် တန်းသွေးပါက
မွှေးသည်ဟုထင်ခဲ့သည်။ အဖေ့ခြံ
အနီးပတ်ဝန်းကျင်မှာတော့ သစ်ပင်
ပန်းပင် အမျိုးအစား စုံလှသည်။
ကိုယ်သိတာရော ကိုယ်မသိတာရော
အပင်များက စုံလှသည်။

img_0.31583329763364887.jpg

ကဲ ကလေးကုလား၊ ကုလားကလေး
အား ဆက်ကြအုံးစို့။ တစ်နေ့က Dbuzz
ပိုစ့်များမှာ ကိုဟိန်းက creation တွေနဲ့
ဟုတ်သပ ဆို၍ အဟုတ်ကြီးမှတ်ခဲ့သည်။
ထိုကြောင့် နံ့သာနီအပင်မှ အစေ့နီလေးများ
‌ကို ကောက်ယူခဲ့သည်။ ရေပြောင်အောင်
ဆေး၍ စာလုံး ဖော်ရန် စိတ်ကူးရသည်။
Hive လိုဂိုကလည်း အနီရောင်၊
နံ့သာနီအပင်မှ အစေ့နီလေးများကလည်း
အနီရောင် ဆိုတော့ Dbuzz စာလုံးနှင့်
Hive စာလုံးများ ဖော်ရန် စိတ်ကူးရသည်။

အနီနှင့် အနက်၊ အစိမ်း၊ အဝါများကို
အရောင်စပ်ပါကို ပေါ်လွင်လှပသည်။
နံ့သာနီအပင်မှ အစေ့နီလေးများကို
အစိမ်းရောင် အရွက်နဲ့ တွဲပေးရန်
စိတ်ကူးသည်။ အစိမ်းရောင် အရွက်က
အရိုးအကြောဆက်ပင်က အရွက်ယူရမလား
ပိန်းပင်က အရွက်ယူရမလား
စဉ်းစားသည်။

img_0.9679115151152174.jpg

အရိုးအကြောဆက်ပင်က အရွက်ကြီးများက
မိုးရေဝ၍ လှပစိမ်းစို ကြီးမားပြန့်ကာနေသည်။
ထိုအရွက်များက ဆေးဖက်ဝင်၍ မခူးတော့ပါ။
ပိန်းရွက်များကိုသာ ခူး၍ စာလုံးဖော်ရပါတော့
သည်။ Hive စာလုံးက ပြဿနာမရှိပါ
သော်လည်း၊ Dbuzz မှာပြဿနာရှိသည်။
ပိန်းရွက်ပေါ် တင်၍ ပုံဖော်ရသည်မှာ
နံ့သာနီစေ့များက ရွေ့ရွေ့သွား၍ U
စာလုံးကျန်နေခဲ့သည်။

ကဲ ကျန်နေသည် U ပြီးမှ ဖြည့်မည်စိတ်ကူး၍
ဖော်ပြပါပုံအတိုင်း လှပခန့်ညား U ကျန်ရစ်
ပါသော Dbuzz creation ကြီးအား
အပျံစား အလန်းစား ကြည့်ရှု
အားပေးကြမ်းကြပါအုံး ကွယ်ရို့ 😁😀😜။

@htwegyi
14-9-21

Sort:  

ဟုတ် အဲ့သလို Creation လေးလည်း ကြံဖန်လုပ်ရတာပ။ 😅

!PIZZA

@htwegyi! I sent you a slice of $PIZZA on behalf of @myanmarkoko.

Have you voted for Pizza teams Hive witness (pizza.witness)? (8/10)

ကြံရ ဖန်ရ အကြံအဖန်ပ

စိတ်ကူးကောင်းပါ့

မြှောက်ပါနဲ့။

မနက်က dbuzz creation လုပ်ထားတာနံ့သာနီစေ့ပေါ့...ပေါ်လွင်နေတယ်...စာလုံးက

စာလုံးက ပေါ်လွင် ပြီး တစ်လုံးကျန်ခဲ့တာ😁


The rewards earned on this comment will go directly to the person sharing the post on Twitter as long as they are registered with @poshtoken. Sign up at https://hiveposh.com.

ခုပြောပြမှ သတိထားမိတယ်
မနက်က u မြင်ရသော်လည်း ဘာကြောင့် ရေးထားမှန်း မသိ။ Dbuzz စာလုံးပေါင်း ကျနေမှနါး မသိခဲ့။ creation ပါရင် #creativecoin tag တွဲတော့ CCC ရမှာပေါ့။
!PIZZA

@htwegyi! I sent you a slice of $PIZZA on behalf of @tin.aung.soe.

Did you know PIZZA has a very active community Discord? (10/10)

အဲ အ့ဲသလိုပ creativecoin tag တွဲထားတယ်။
ကျေးဇူး ကိုဟိန်း။

ချသာချဗျို့။ !PIZZA

@htwegyi! I sent you a slice of $PIZZA on behalf of @golden.future.

Did you know Pizzabot speaks Spanish if you use the command ESPIZZA? (10/10)

ချနေတာပဲဗျို့

ကဲ ကြည်ရှု့လိုက်ပါပြီ 😁😁😁😁

ဟုတ်ကဲ့ပါဗျာ😁

စိတ်ကူးလေးသွက်ပ။ ကိုတောင် creative လုပ်ချင်လာပီ 😆

လုပ်လိုက်တော့

@asterkame နှင့် အဖွဲ့ဝင်သူငယ်ချင်းတွေဆိုတော့ ဒီလေါက်က အပျော့ပါ။ !PIZZA

@htwegyi! I sent you a slice of $PIZZA on behalf of @uthantzin.

Did you know you can spend $PIZZA on games in the $Pizza Store? (8/10)

ဟုတ်သဗျို့