ငါးဝက်မသံပုရာ

in HIVE-MYANMARlast month

img_0.7621092795142147.jpg

ယနေ့တော့ တူမဖြစ်သူနှင့် ဈေးလိုက်သွားသည်။
ယနေ့စားဖွယ်စုံဘာချက်ရမလဲ?
စဉ်းစားရတာ စိတ်ညစ်သမို့ ဟု
အမဖြစ်သူ၏ ငြီးငြူရင်း ညွှန်ကြားချက်ဖြင့်
ဆိုင်ကယ်နှင့် ဈေးထွက်ခဲ့ကြသည်။

"ကြက်သားနှင့် ငါးဖယ်ဝယ်ခဲ့၊ ဘူးသီး
မရရင် ကျောက်ဖယုံသီးဝယ်ခဲ့၊ ကြက်သားနဲ့
သားပြွန်းချက်ရအောင်"

ဟု အမှာတော်ပါးလိုက်သည်။
ဈေးရောက်ရင် ဘာဝယ်ရမလဲ စဉ်းစား
ရတာ အလုပ်တစ်ခုမို့ ဝယ်သည့်
ဟင်းချက်ပစ္စည်း မှာလိုက်ခြင်းဖြစ်သည် ။
နို့မို့ တူဝရီးနှစ်ဦးဈေးထဲ ယောင်လည်လည်
ဖြစ်နေပေမည်။

ကြက်သားနှင့် ငါးဖယ် ဝယ်ပြီး
ငါးဆိုင်မှ ဂျပန်ငါးခေါ် ငါးဝက်မခေါ်
တီးလားပီယားငါးများကိုတွေ့သည်။
ဒီတော့ ရွှေဉာဏ်စူးပါသော် အကျွန်ုပ်သည်
အိမ်ရှိ သံပုရာပင်မှ ကြွေကျနေသည့်
သံပုရာသီးများကို မျက်လုံး၌
မြင်ယောင်သည်။

img_0.17312719416329717.jpg

img_0.0996317429375807.jpg

အနှီးသုံးမျိုးခေါ်ဆိုတော်မူသော ငါးအား
သံပုရာသီးနှင့် ရောကာ ငါးသံပုရာ
လုပ်စားရန် စိတ်ကူးမိသည်။
ထိုကြောင့် ငါး ငါးကောင်ဝယ်ယူခဲ့သည်။
အိမ်သို့ ရောက်သော် အကျွနိုပ်၏
အမ စနေသမီးကြီးက ပြောဆိုတော်
မူပါလေတော့သည်။

"ဟဲ့ ဒီငါးတွေက ဘာလုပ်ဖို့လဲ ငါလဲ
မမှာရပါဘူး"

"အဟီး အမ ငါဝယ်လာတာ။ အိမ်မှာ
သံပုရာသီးတွေရှိလို့ ငါးသံပုရာ လုပ်စား
မလားလို့"

"ဘာ ဒီ ပေါက်တိပေါက်ချာ ငါးပေါက်စန
တွေကို ငါးသံပုရာ လုပ်မှာ။ ငါးသံပုရာ
လုပ်တဲ့ငါးက အကြီးကြီးတွေမှ ကောင်းတာ။
ဒီငါးပေါက်စတွေက အရိုးစူးမှာပေါ့။
နားမလည်ပဲ ရွှေဉာဏ်စူးပြီး ဝယ်ခဲ့ကြပါ့"

"အလုပ်ရှုပ်တယ် ကိုယ်ဖာသာ ကိုယ်လုပ်ကြ"

"အေးပါ အမရာ ငါဖာသာ လုပ်ပါ့မယ်
ပြေပြပေးဟုတ်လား"

img_0.5876790292935032.jpg

ရှေးဦးစွာ ငါးများကို ဆေးကြော၍
ဆား၊ ဆနွင်း၊ အချိုမှုန့်၊ ငံပြာရည်နှင့် နှပ်ထားသည်။
ပြီးလျှင် ရှမ်းနံနံ၊ ပင်စိမ်း၊ ကြက်သွန်ဖြူနှင့်
ငရုပ်သီးများကို ရောထောင်းသည်။
ကြက်သွန်ဖြူနှင့် ငရုပ်သီး ဦးစွာထောင်း၍
ကြေညှက်မှ ရှမ်းနံနံ၊ ပင်စိမ်းကိုထဲ့၍
ထပ်ထောင်းသည်။ ဒါတောင် ဖက်ဖယ်ရွက်
မပါလို့ အပြစ်ပြောခံရပါသေးသည်။

img_0.23780629525845046.jpg

ဒယ်အိုးနီတွင် ရေအနည်းငယ်ထဲ့၍
ပွက်သည့်အခါ ငါးများထဲ့၊ ထောင်းထားသည့်
အရွက်များထဲ့သည်။ သံပုရာသီးငါးလုံး
ညစ်ပီသား အရည်များကို ထဲ့သည်။
မြည့်ကြည့်ပြီး လိုအပ်သည့် အချိုမှုန့်၊
ငံပြာရည်များ ထပ်ထဲ့သည့်အခါ
စားလို့ရသွားသော ငါးသံပုရာဟင်း
တစ်ခွက်ဖြစ်သွားပါသည်။

အမဖြစ်သူ၏ မိန့်ခွန်းများကြား
ငါးသံပုရာ ချဉ်ချဉ်စပ်စပ်လေးအား
ပြီးမြောက်အောင်မြင်စွာ ချက်ပြီးခဲ့ပါသည်။

"မဆိုးပါဘူး ကောင်းပါတယ်ဗျ
ကိုယ့်လက်ရာပဲဟာ 😁😀။"

@htwegyi
16-9-21

Sort:  

ရှူးရှဲ ရှလွတ် !PIZZA

@htwegyi! I sent you a slice of $PIZZA on behalf of @tin.aung.soe.

Learn more about $PIZZA Token at hive.pizza (7/10)

စင်တာ ဟာ

အချက်အပြုတ်လည်းကျွမ်းကျင်တယ်...

ရှာလည်ရပါစေ့

ငါးသံပုရာကိုချက်တာလား ပေါင်းလိုက်မယ် ထင်နေတာ 😁 !PIZZA

အဟီး မြန်အောင်လေ

ပြောမဲ့တာပြောတာ ဟင်းချက်နည်းပါ အမယ်ဆုံအောင် ချက်တတ်သွားမှာနော်။ကိုယ်လုပ်တဲ့ဟာ ကိုယ်စားလို့ကောင်းဖို့ အရေးကြီးတယ်...ဟုတ်တယ်မှတ်လား။ !PIZZA

@htwegyi! I sent you a slice of $PIZZA on behalf of @uthantzin.

Learn more about $PIZZA Token at hive.pizza (6/10)

ဒါပေါ့ သို့ပေသိ နောက်မချက်နဲ့တဲ့

မစားရတာကြာချေပြီ

လာစားပါလေ

Yay! 🤗
Your content has been boosted with Ecency Points, by @htwegyi.
Use Ecency daily to boost your growth on platform!

Support Ecency
Vote for Proposal
Delegate HP and earn more