ငယ်အိပ်မက်နှင့် Hive ရွှေတုံး

in HIVE-MYANMAR13 days ago

img_0.7621092795142147.jpg

အိပ်မက်တယ် ညရဲ့အလယ် ကိုယ့်စိတ်ထဲမှာ
မင်းလေးဝိုးတဝါး။ မှောင်ရီဝေ ဝိုးတဝါး
ကြယ်တွေ မစုံတဲ့ည ။
ရင်ခုန်နေဆဲပဲမို့။
ဒါက ဂျေညီညီ သီချင်း။ ငယ်စဉ်က
ဖီလ် လို့ကောင်းခဲ့တဲ့ သီချင်းများစွာထဲက
အပါအဝင်ပေါ့။

အိပ်မက်ဆို၍ လူတိုင် မက်ဖူးပေမည်။
အိပ်မက် ဆိုတာမျိုးက ပုံသဏ္ဍာန် အမျိုးမျိုး
ဖြစ်ပေမည်။ ကျွန်တော် ရေးပြမည့် အိပ်မက်က
ကျွန်တော့်ရည်မှန်းချက် တွေးလျှက်ပျော်သည်
ဆိုသည့် ရည်မှန်းချက် အိပ်မက်မျိုးမဟုတ်ပါ။

ညအခါ လသာသာမှာ မကစားပဲ။ စောင်ခြုံမှာ
ကွေးရင်း အိပ်ရင်း မက်တဲ့ အိပ်မက်မျိုးကို
ဆိုလိုပါသည်။ အိပ်မက် မက်သည့်အခါ
အပြင်မှာ တကယ်ဖြစ်နေသလို ခံစားရသည်။
ငယ်စဉ်က ကလေးဘဝအိပ်မက်ကို
ယခုထိ မှတ်မိနေဆဲ။

img_0.22316369936036765.jpg

အိပ်မက်က မိုးရေတွေ တဝေါဝေါကျနေသည်။
မိုးရေကျသံ မြည်သံများနဲ့ သေးပေါက်ချင်သည့်
စိတ်ဖြစ်မိသည်။ အိမ်သာသွား၍ ပေါက်ရမှာလည်း
မိုးစိုမည်ဆိုသည်။ ဆိုတော့ အိမ်တံစက်မြိတ်
အောက်မှာ မိုးရေစက်များနှင့်အပြိုင် ရှူးရှူး
ထိုင်ပေါက်မိသည်။ ထိုစဉ် ဖင်အောက်မှာ
နွေးကနဲ့ အသိက ဟိုက် ငါအိပ်ရာထဲ သေး
ပေါက်မိပဟဟု သိလိုက်ရသည်။

ထိုအိပ်မက်မျိုး ခဏ ခဏမက်၍
အိပ်ရာထဲမှာ ခဏခဏ သေးပါဖူးသည်။
နောက်ပိုင်း အိပ်ရာထဲ သေးမပေါက်အောင်
အုတ်သဖိုကို ကန်တော့အိပ်ဟု ပြောသည်။
အုတ်သဖို ဆိုသည်မှာ မီးဖိုကိုပြောသည်။
အုတ်ခဲနှစ်လုံးထောင်၍ မီးဖိုလုပ်ထာသည်။

နောက်ပိုင် အဲ့ မီးဖိုကို ကန်တော့၍လား၊
သတိထားပြီး အိပ်၍လားမသိပါ။ အိပ်ရာထဲ
သေးပေါက်သည့်အကျင့် ပျောက်သွားသည်။
အင်း ရေးရရင်တော့ အိပ်မက်တွေက အများသား
ငယ်စဉ်က အမှတ်တရအိပ်မက်တွေထဲက
နောက်တခုရှိသေးသည်။

ဘယ်အချိန် ဘယ်နေရာကိုသွားပြီး
မြေကြီးကို တူးပါက ရွှေတုံး၊ ရွှေဒင်္ဂပြားများ
တွေ့ရမည်ဟုလည်း မကြာခဏ မက်သည်။
အဲ့ ငယ်စဉ်က အိပ်မက်က ခုကြီးမှ မှန်နေပါရင်
ကောင်းမည်။ Hive ဆိုသည့် ရွှေတုံး၊ ရွှေဒင်္ဂပြားများ
ကို ယခု အသက်ကြီးမှ တူးနေရသည်ဟု
အိပ်မက်ကို ကိုယ့်ဖာသာ ဘာသာပြန်လိုက်ပါမည်။

@htwegyi
22-6-2022

Sort:  

My account was hacked yesterday! I just get my account back . Do not click in any strange link! Thank you!

အပေါ်က အလကားပေးမယ်ဆိုတာ သွားမတို့နဲ့ဦး
!LOL

Scientists just discovered a cow-like plant.
They’re calling it a BO-VINE.

Credit: reddit
@htwegyi, I sent you an $LOLZ on behalf of @golden.future
Release your inner Rock Star with Rising Star! The best #play2earn game on Hive! Play for Free!
(4/6)

ဟုတ်ကဲ့ပါ ဒီဂျင်းတွေ က တမှောင့်ပ။

မတို့ မထိပါ သတိပေးတာ ကျေးဇူးပါ။

1Hive 1Dollar ဆိုတဲ့ အနေအထားကို ပြန်ရောက်ချင်နေပြီ
!MEME


Credit: arthursiq5
Earn Crypto for your Memes @ hiveme.me!

ရောက်မှာပါ ကျော်တောင် သွားအုံး မှာ 😁

WARNING - The message you received from @tuocchu is a CONFIRMED SCAM!

DO NOT FOLLOW any instruction and DO NOT CLICK on any link in the comment!