ပေးနေတုန်း မူမနေနဲ့ ယူထားလိုက်

in HIVE-MYANMAR27 days ago

img_0.7621092795142147.jpg

Crypto ဈေးတွေကျနေရင် ဝယ်ပြီး
စုထားပါတဲ့။ ဝယ်ပြီးတော့ မစုနိုင်သည့်အခါ
ကိုယ့်မှာရှိသည့် coin များကို ဟိုရွေ့ ဒီပြောင်း
လုပ်လိုက်သည်။ ယခင် steemit engine
မှာ tag တွဲထားသည့် STEM ကို Hive
သို့ပြောင်းလဲလိုက်သည်။ ထိုသို့
ပြောင်းလိုက်သည့်အခါ 11 hive ရသည်။

ထို STEM များက ယခု Hive မှာ
Tag တွဲ၍ မရသည့်အတူ Hive သို့
ပြောင်းလိုက်ခြင်း ဖြစ်သည်။
ကိုယ်တွေက exchange တွေနဲ့
ပတ်သက်ပြီး သိပ်နားမလည်ပေ။
ယခုလို leodex မှာ coin များကို
ပြောင်းလဲလိုက်ရ၍ ကျေနပ်မိသည်။

img_0.4029710945603718.jpg

ယခုအခါ Hive မှာ စာရေးပိုစ့်တင်ပါက
Hive မပေးတော့ပေ။ HBD နှင့်
Hive Power များသာ ပေးသည်ကို
တွေ့ရသည်။ မည်သည့်ကြောင့်တော့မသိပေ။
အဲ တချိန်မှာ Hive Power တွေ ဈေး
တက်ခဲ့ပါလျှင် Hive Power များကို
ပေးမည်မဟုတ်တော့ပေ။

ထိုကြောင့် မိတ်ဆွေများအနေဖြင့်
Hive Power များပေးနေတုန်း
ရသလောက် ယူထားကြပါ။
အဆိုပါ Hive Power က အလွန်
စကားပြောပါသည်။ ဟုတ်ကဲ့
စကားများသော မိန်းခလေး
တစ်ယောက်လိုပါပဲ သူက
အင်မတန် စကားပြောပါတယ်။

"ဟင် Hive Power က စကားပြောတယ်လား။
ဒါတော့ လွန်သွားပြီ"

img_0.06351414834109888.jpg

"မလွန်ပါဘူးလေ၊ ခုကို ကြည့် သူစကားပြောလို့
Vote ပေးတဲ့အခါ သူ့မျက်နှာ ကြည့်နေရတာ"

"မယုံရင် ကြည့် ကိုဟင့်ရဲ့ Hive Power
များက ဘယ်လောက်များ စကားပြောပါသလဲ
ကိုဟင့် ရဲ့ vote ကိုရရင်ပျော်စရာ
မကောင်းဘူးလား။ ဒီကြား Hive Power
များသည့် ငါးကြီးတွေများ လာပြီး
Vote ပေးစကားပြောသွားရင် သာပြီး
ပျော်စရာကောင်းသေး ဟုတ်ဖူးလား"

Vote ပေးသည့် ဒေါ်လာ အနည်းအများသည်
Hive Power ၏ စကားပြောမှုအပေါ်
မူတည်ပါသည်ဆိုသည်မှာ ပြောစရာ
မလိုပေ။ ထိုကြောင့် Hive Power
များများရရန် post များနေ့စဉ်တင်၍
Hive များကို power up ကာ
Hive Power စုကြဖို့ တိုက်တွန်း
လိုက်ပါသည်။ နောင်တချိန်
Hive Power များနှင့်အတူ
စကားပြောကြဖို့
Hive Power စုကြစို့။

@htwegyi
22-9-2021

Sort:  

ရေးပြီလေ။ တစ်နေ့တစ်ပုဒ်

အမြင်မှန်နေသော လေဒီ 😁😀😜

လူတွေကြားလည်း ငွေ ရှိမှ၊ HIVian တွေကြားလည်း HP ရှိမှ ဪဘဝဘဝ ဂုဏ် ဂုဏ် ဂုဏ်
!PIZZA

@htwegyi! I sent you a slice of $PIZZA on behalf of @golden.future.

Learn more about $PIZZA Token at hive.pizza (9/10)

ဂုဏ်ဆိုတာ ငွေကို ခေါ်သဗျာ။

Power များတဲ့သူတွေ အားကျပြီး ကြိုးစားနေရုံပါပဲ !PIZZA

@htwegyi! I sent you a slice of $PIZZA on behalf of @callmemaungthan.

Learn more about $PIZZA Token at hive.pizza (6/10)

တချိန်မှာ ဖြစ်လာမှာပ။

အခွင့်အရေးဆိုတာ ယူတတ်သူအတွက် အများသားဟ 😅😅😊 !PIZZA

@htwegyi! I sent you a slice of $PIZZA on behalf of @nyinyiwin.

Learn more about $PIZZA Token at hive.pizza (4/10)

ဒါပေါ့ ဒါပေါ့

Hive power များဖို့အရေး ဒို့အရေး....
!PIZZA

@htwegyi! I sent you a slice of $PIZZA on behalf of @uthantzin.

Learn more about $PIZZA Token at hive.pizza (5/10)

တိုအရေး တို့အရေး စာရေးကြဟေ့။

Congratulations @htwegyi! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s) :

You got more than 8250 replies.
Your next target is to reach 8500 replies.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out the last post from @hivebuzz:

Hive Power Up Month - Feedback from Day 20