ဈေးကကျ Ecency က လာမဗုတ် ဆိုတော့။
နည်းနည်း စာရေး ပိုစ့်တင်ဖို့ ပျင်းသည်။
ပျင်းသည် ဆိုပေသိ ရေးနေရ ပေအုံးမည်။
Hive က ကိုယ်ကို စုန်းမလေးတယောက်လို
ပြုစားထားပြီမို့။ လုပ်လိုက်ဟ ။ Hive
သည် စုန်းမ ဖြစ်ပေမည်။ အဘယ်ကြောင့်
ဆိုသော် သူသည် ဈေးကျသည်က များသည်။
ဈေးတက်ဖို့ သူက မစဉ်းစားတော့ပြီလားမသိ။
သူတက်စဉ်က $3 သာဈေးတက်ခဲ့သည်။
$3 ဆိုသည်က ကိုယ်တွေအတွက် မပြောပလောက်။
အံမယ် လုပ်ပြန်ပြီ။ $3 ကို မပြောပလောက်ဆိုတော့။
ဟုတ်တယ်လေ ကိုယ်တွေ Steem မှာတုန်းက
$10 ကျော်ပင် တွေ့ခဲ့ရ၊ ကြုံခဲ့ရပေသေးသည်။
ဆိုတော့ $3 ဆိုတာ စာမဖွဲ့ချင်ပါ။
ထို ဆယ်ဒေါ်လာဖြစ်စဉ်ကပင် ကိုယ်တွေ
မတုန်လှုပ်ခဲ့ပါ။ ဟယ် တဂယ်ကြီးလား။
ဟုတ်တယ် မတုန်လှုပ်ခဲ့ပါဘူး။ တကယ်ဗျ။
ကျွန်တော် လိမ်ပြောတာ မဟုတ်၊ စတားလုပ်
တာမဟုတ် တကယ်ကို မတုန်လှုပ်ခဲ့တာပါ။
ဟာ ဒါတော့ မဖြစ်နိုင်ပါဘူး။ သို့ပေသိ
ကိုယ်ရဲ့ wallet မှာရှိတဲ့ ဒေါ်လာ တန်ဖိုးတွေ
များသွားတာတော့ သတိထားမိသည်။
အဘယ်ကြောင့် မတုန်လှုပ်ခဲ့ပါသလဲဆိုတော့။
ကျွန်တော်က ထိုစဉ်က ထို Steem ကို
စတင်ပြုလုပ်ပြီးသကာလ နားမလည်သေး
ပါ။ ရောင်းဖို့ ဝယ်ဖို့လည်း မပြုလုပ်တတ်သေးပါ။
ထိုကြောင့် ဆယ်ဒေါ်လာရောက်ခဲ့ပါသော်လည်း
ကျွန်တော်မှာ မည်သို့မျှမရှိခဲ့ပါ။ Steem
သည်လည်း ထိုစဉ်က များများစားစား
မရှိခဲ့ပါ။
နို့ ယခုအချိန် Hive ဈေး $10 ဖြစ်ခဲ့ပါရင်
ကျော်ခဲ့ပါရင် မည်သို့ ခံစား တုန်လှုပ်ပါမည်လဲ။
မပြောပါနဲ့၊ ဘာမှ မပြောပါနဲ့။ မမေးပါနဲ့
ဘာမှ မမေးပါနဲ့အုံး။ Hive ဈေး $10 ကျော်
ဖြစ်တဲ့အချိန် ကျွန်တော့်ကို မမေး မပြောခင်
ယူတို့ရော ဘယ်လိုတွေ ဖြစ်နေမလဲဆိုတာ
ပထမ ဗွေစော် ကနဦး အရင်ဦးစွာ ပြောပြ
ကြပါကုန် 😁။
@htwegyi
26-11-2022