ကျွန်တော်တို့လူမျိုးက အရှက်အကြောက်
အားကြီးသည်။
"အရှက်နဲ့ လူလုပ်နေတာဟေ့၊
အသက်နဲ့ လူလုပ်နေတာမဟုတ်ဖူး"
အစရှိတဲ့ စကားကို ကျွန်တော်တို့ ငယ်စဉ်က
အမြဲတမ်းနီးပါး ကြားရသည်။ လူကြီးမိဘများက
ဆုံးမသည့်အခါ ကြားရတတ်သလို။ ရပ်ကွက်ထဲ
ရန်ပွဲဖြစ်သည့်အခါမှာလည်း ရံဖန်ရံခါ ရန်ပွဲမှ
ကြားရတတ်သည်။
ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုကိုလည်း
ဖော်ပြပါ အရှက်အကြောက် များဖြင့် ပံ့ပိုး
ထားသည်။ အရှက်အကြောက် မရှိပါရင်
ယဉ်ကျေးမှုပင် ပျက်ဆီးသွားမလားဟု
တွေးမိသည်။ ကျွန်တော်တို့ ငယ်စဉ်နှင့်
ယခုခေတ်လူငယ်၊ ယခုလူငယ်နှင့် လာမည့်
လူငယ်လောင်းများဟူ၍ ဖော်ပြရပေမည်။
ကျွန်တော်တို့ငယ်စဉ် ချစ်သူရည်းစားများက
ဘုရားသွားမည်။ ရုပ်ရှင်ကြည့်မည်။ ပန်းခြံသွား၍
ကဲမည်။ လူကွယ်ရာမှာ ကဲခြင်းဖြစ်သည်။
ကဲမည်ဆိုသည့်က လက်ကလေးကိုင်မည်။
ပုခုံးလေးဖက်မည်။ ပါးကလေးနမ်းမည် ဒါပဲ။
အခြားဟာတွေတော့ ရှိကြသူတွေ ရှိမည်ပ။
ရှိတော့ ဒါက ကိုယ်တွေခေတ်။
လူငယ်များခေတ်ကတော့ အနည်းငယ်ရဲတင်း
သွက်လက်လာသည်။ သို့သော် ဒါကလည်း
လူငယ်တိုင်းမဟုတ်ပါ။ သူရို့ခေတ်က ကျောင်း
များ တက္ကသိုလ်များက မြို့ပြင်ပို့ထားတော့
အုပ်ထိန်းသူများနှင့် ဝေးကွာသည်။ သို့ပေကြောင့်လားမသိ၊
ကိုယ်တွေခေတ်ထက် သမီးရည်းစား
တွေ့ဆုံးမှုက ရဲတင်းပြီး ပွင့်လင်းမြင်သာကြသည်။
ထိုကြောင့် ကျောင်းမပြီခင် အာဝါဟ ဝိဝါဟ
ပြုကြရသည်။ လူငယ်များ ရဲတင်းပွင့်တာလည်း
လူကွယ်ရာဖြစ်ပေသည်။
ယခု လူငယ်လောင်းများ ပွင့်ကြသည်က
လူမြင်ကွင်းမှာဖြစ်ပေသည်။ ခေတ်ရေစီကြောင်း
ဟုပြော၍ရမည် မထင်ပါ။ မနေ့က လမ်းမရှေ့
လမ်းလျှောက်ထွက်သည်။ ကျွန်တော်က
ညနေတိုင် လမ်းလျှောက်ထွက်ပါသည်။
မနေ့က အိမ်နှင့်ဝေးဝေးလျှောက်မိသည်။
ကျွန်တော်အိမ်ဘေး လမ်းမက ယာဉ်အသွား
အလာနည်းသည်။ အရိပ်အာဝသကောင်းသည်။
ဆိုတော့ အတွဲများအတွက် စားကျက်ကောင်း
ဖြစ်သည်။
ထိုအတွဲများက လမ်းသွား လမ်လာနည်းမှုကို
အခွင့်ကောင်းယူ၍ ကဲကြသည်။ ကဲတာမှ
နှုတ်သီးချင်းတေ့၊ ရင်ချင်းပွေ့၍ နှစ်ယောက်ထဲ
ကမ္ဘာတည်နေသည်။ အိမ်ပြတင်းပေါက်မှ၊
ဝရံတာမှ ကြည့်ပါရင် အတိုင်းသာမြင်ရသည်။
အင်း ဒါလည်းဒုက္ခဟုသာ။ အဲ လမ်းလျှောက်တာ
ဆက်ကြအုံးစို့။ လမ်းမဘေးမှာ အိမ်တွေလည်းရှိသည်။
လူငယ်လောင်းတို့က ယောင်္ကျားလေးက
လေးယောက်ဖြစ်သည်။ မိန်းကလေးက တယောက်
နဲ့ ယောင်္ကျားလေး လေးယောက်အနက်မှ
တယောက်နဲ့ ချိန်းတွေ့နေသည်။
သူတို့ချိန်းတွေ့တာလည်းကြည့်အုံး လူတပြုံကြီနဲ့။
ကျန်သုံးယောက်က ချိန်တွေ့ စုံတွဲကို ဟီးဟီး
ဟားဟားဖြင့်ပြောဆို ကြည့်နေသည်။ စုံတွဲကလည်း
တွန်းလိုက်၊ တိုက်လိုက်၊ တေ့လိုက်၊ ပွေ့လိုက်
လုပ်နေသည်။ ထိုအချိန်မှာ ဘယ်ကနေ
ရောက်လာသည်မသိသော မိန်းကလေး၏ အမေ
ဖြစ်သူက သမီးကို ဝင်ရောက်၍ ဆံပင်ဆွဲခေါ်လေသည်။
ကောင်လေးများကိုလည်း ပြောဆိုသည်။
ထို နောက် ကောင်လေးများက ဆိုင်ကယ်
တစီးပေါ် လေးယောက်တက်ခွ၍ မောင်းသွား
ကြသည်။ တခဏအတွင်း အဖြစ်အပျက်က
ပွင့်လင်း မြင်သာမြန်ဆန်စွာ ဖြစ်ပျက်
သွားလေသည်။
@htwegyi
30-6-2022