တံဆိပ်တုံး

in HIVE-MYANMAR26 days ago

img_0.7621092795142147.jpg

ယနေ့ အမေ့ပင်စင်ထုတ်သည်။
ထုံးစံအတိုင်း မြို့ထဲသွားရသည်။
ပင်စင်က နံနက် 6 နာရီအချိန်က စတင်
ပေးသည်။ နံနက်ပိုင်းက လူများ၍
ကျွန်တော်က နေ့ခင်းပိုင်းမှ သွားထုတ်သည်။
ယခင်နေ့များက မိုးအုံ့ မိုးရွာ ခဲ့သရွေ့
ယနေ့ပင်စင် ထုတ်သည့်ရက်မှ
ပြင်းလိုက်သည့်နေမင်း ပူချက်က ဆိုးပါ့။

နံနက်10:45 နာရီ အိမ်မှထွက်သည်။
မန္တလေးဘူတာကြီးရောက်သည့်အခါ
အမေ့ကိုယ်စား ထုတ်ယူကြောင်း
ကိုယ်စားလှယ်လွှဲစာ၌ လူကြီးလူကောင်း
တစ်ဦး၏ အသိသက်သေ လက်မှတ်ထိုးရန်
လက်မှတ်ထိုးပေးမည့်သူအား ရှာရသည်။
နံနက်အစောပိုင်းဆိုပါလျှင် ရုံပိုင်ချုပ်ကြီးက
လက်မှတ်ထိုးပေးသည်။ ယခု ကိုယ်သွား
သည့်အချိန်၌ မရှိတော့ပေ။

အင်း ဒါနဲ့ ကိုယ့်ဌာမှ ဆရာသမားများကို
လက်မှတ်ထိုးပေးဖို့ လိုက်ရှာရသည်။
ကိုယ့်သိသည့် လမ်းဗိုလ်ကြီးအိမ်သွား
၍ လက်မှတ်ထိုးမည် လုပ်သည့်အခါ
ဆရာသမားက အိမ်၌မရှိပေ။
လမ်းဗိုလ်ကြီး မရှိ၍ လုပ်ငန်းအုပ်ကြီးရုံး
သို့ သွားရောက်ရပြန်သည်။
လမ်းဗိုလ်ကြီးရုံးနှင့် လုပ်ငန်းအုပ်ကြီးရုံး
များသည် 78လမ်း၊ 27/28လမ်းကြား၌
တည်ရှိသည်။

လုပ်ငန်းအုပ်ကြီးရုံး၌ ဆရာ AEn ရှိ၍
လက်မှတ်ထိုးပေးမည့်လုပ်သည့်အခါ
တံဆိပ်တုံးကမရှိပေ။ တံဆိပ်တုံးက
ဘူတာကြီးအပေါ်ထပ်ရှိ မီးရထားရုံးကြီး
ပေါ်၌သာရှိသည်။ ထိုကြာင့် တံဆိပ်တုံး
ရှိသည့် AEn အောက်မှ လုပ်ငန်းအုပ်ကြီး
ကိုသာ လက်မှတ်ထိုးပေးပါရန် ပြောရသည်။

အမှန်က အဆိုပါ ကိုယ်စားလှယ်လွှဲစားက
ကိုယ့်ရပ်ကွက် လူကြီးရှိပါလျှင်လည်း
ထိုးခိုင်း၍ရပါသည်။ ယခုအချိန်က
ရပ်ကွက်လူကြီးက မည်သို့ရှာရမည့် မသိသည့်
အချိန်ဖြစ်သည်။ လက်မှတ်က
မည်သူထိုးထိုး အဓိက က တံဆိပ်တုံးပင်
ဖြစ်သည်။ လက်မှတ်ထိုး၏ အောက်က
တံဆိပ်တုံးက အဓိကဖြစ်နေပေသည်။

img_0.07632069579047411.jpg

အင်း တံဆိပ်တုံး ပြဿနာက အလွယ်တကူ
ပြီးသွား၍ တော်ပေသေးသည်။
ပြန်စဉ်းစားကြည့်ပါလျှင် ကိုယ်စားလှယ်
လွှဲစာသည် အမေ့က ကျွန်တော့်အား
လွှဲခြင်းဖြစ်သည်။ အမေ့က သူ့ပင်စင်အား
ကျွန်တော့်အားလွှဲပေးပါသည်။ အမေ့နှင့်
ကျွန်တော်၏ တော်စပ်မှု အိမ်ထောင်စုဇယား
ပါလျှင် ပင်စင်ထုတ်ပေး၍ ရသင့်ပေသည်။
ယခုတော့ တံဆိပ်တုံးပါသည့် လူကြီးက
လက်မှတ်ထိုးပေးသော်လည်း သူက
အမေသက်ရှိ ထင်ရှား ရှိမရှိ၊ နောက်
အိမ်ထောင်ပြုမပြု သိမည်မဟုတ်ပေ။

အဆိုပါကိစ္စများက ရုံးကိစ္စများဖြစ်နေ၍သာ။
အသက် 85နှစ်ကျော် အဖွားကြီးတစ်ဦးအတွက်
နောက်အိမ်ထောင်ပြုမပြု ထောက်ခံစာက
လိုအပ်မည်မဟုတ်ပေ။ ငယ်ရွယ်သူပင်စင်စားများအနက် နောက်အိမ်ထောင်ပြု၍ အရင်
ယောက်ျား၏ပင်စင် ထုတ်ယူနေသူများလည်း
ရှိပေမည်။ အသေအချာ တိတိကျကျ
မည်သူမျှ မလုပ်နိုင်ပေ။ တိုင်းတန်းသူ
ရှိပါမှသာ ပြဿနာဖြစ်ပေါ်လာတတ်
ပေသည်။ အခြားဌာန ပင်စင်များတော့
မသိပေ။ မီးရထား ဌာနပင်စင်များကတော့
တခါတရံ ပြဿနာများဖြစ်ပေါ်တတ်လေ့
ရှိပေသည်။

@htwegyi
23-9-2021

Sort:  

ဟုတ်ပါ့။ အသက်၇၀ကျော်ဆို နောက်အိမ်ထောင်မပြုကြောင်းထောက်ခံချက် မတောင်းဘဲ သက်ရှိထင်ရှား ရှိ/မရှိသာ ဂရုထားစေချင်တယ်။

ရုံးသဘောတွေက တခါတလေ အဆင်မပြေတတ်ဘူး။

ရုံးလုပ်ငန်း မရှုတ်သင့်တာတွေ ရှုတ်နေကြတဲ့ လုပ်ငန်း
!PIZZA

@htwegyi! I sent you a slice of $PIZZA on behalf of @tin.aung.soe.

Learn more about $PIZZA Token at hive.pizza (8/10)

မရှုပ် ရှုပ်အောင် လုပ်တာ ရုံးပဲဟာ။

အဆင်ပြေသွားလို့တော်သေးတယ်....

ဟုတ်ပ

!PIZZA

@htwegyi! I sent you a slice of $PIZZA on behalf of @donjaun.

Learn more about $PIZZA Token at hive.pizza (8/10)

လက်မှတ်ထိုးဖို့လုပ်နေရတာ ဒီအချိန်ကာလဆိုတော့ အတော်ခက်နေမှာပေါ့။

ဟုတ်တယ်ဗျာ

လက်ဆောင်မေ့သွား၍ ထပ် မန့်လိုက်ပါသည်။ !PIZZA

@htwegyi! I sent you a slice of $PIZZA on behalf of @uthantzin.

Learn more about $PIZZA Token at hive.pizza (4/10)

‌‌ေကျးဇူးပါ


The rewards earned on this comment will go directly to the person sharing the post on Twitter as long as they are registered with @poshtoken. Sign up at https://hiveposh.com.