ကလေးတစ်ယောက်ကို စာသင်ရသည်မှာ လွယ်သော
အလုပ်တစ်ခုတော့မဟုတ်။ ကလေးမှ မဟုတ်ပါ။
လူတိုင်းသည် ဥာဏ်ရည်မတူနိုင်ပါ။ ဒါကြောင့်
ကလေးများကို ဒါလေးတောင် မရစကောင်းလား
ဆိုပြီး ဆူပူတာမျိုး မလုပ်သင့်ပါ။ အဲ့လိုလုပ်ရင်
ကလေးက ထုံအပြီး ဘာမှမသိပဲ
ဖြစ်သွားတက်ပါတယ်။
ကျွန်တော်ငယ်ငယ်က ကြုံဖူးသည်။ ယနေ့တိုင် အဲ့ဒီ
အဖြစ်ပျက်ကို မှတ်မိနေဆဲ။ အိမ်မှာဖွင့်သည့် ကျူရှင်
သဘောမျိုး၊ ကျောင်းမှ အတန်းပိုင်ဆရာမကို ကျွန်တော့်အဒေါ်က သူ့အိမ်တွင် လာရောက်သင်ကြား
စေခြင်းဖြစ်သည်။ အဒေါ်ရဲ့ သားနှင့်သမီး၊
ကျွန်တော်အပါဝင် နောက်ထပ် တူတစ်ယောက်၊
စုစုပေါင်း လေးယောက်ကို အတန်းပိုင်ဆရာမက
သင်ကြားပေးသည်။ မှတ်မှတ်ရရ အဲ့သည်နေ့က
သင်္ချာ သင်သည်။ အပေါင်းအနှုတ်၊ အမြှောက်သင်
သည်။ သူများတွေက လွယ်လွယ်ကူကူ ဖြေဆိုပြီး
ရသွားကြပြီ၊ ကျွန်တော့်အလှည့်ကျမှ အလီရွတ်ပြီး
တိုင်ပက်နေသည်။ ဆရာမက လွယ်လွယ်လေးတောင်
မရဘူးလားဟု ဆိုကာ နားထင်မွှေးဆွဲသည်။
ကျွန်တော်ဘာမှ နားမလည်။ ဆရာမက ဒေါသထွက်
ပြီး ဘယ်လိုသင်သင် မရတော့သောကြောင့်
နောက်ဆုံးလက်လျော့လိုက်သည်။ ကျွန်တော်လည်း
တကယ် ဘယ်လိုမှနားမလည်။
အဲ့သည် အဖြစ်ပျက်ကို ယနေ့တိုင် ကျွန်တော်မှတ်
မိနေသည်။
လူတိုင်းဟာ သင်ယူတဲ့ခါ မတူကြပါဘူး။ လူတွေကို
သုံးမျိုးသုံးစား ခွဲလို့ရသည်ဟုသိရသည်။
ပထမ တစ်မျိုးက အမြင်နဲ့မှတ်သားနိုင်တဲ့သူ။
ဒုတိယ တစ်မျိုးက အကြားနဲ့မှတ်သားနိုင်တဲ့သူ။
တတိယ တစ်မျိုးက လက်တွေ့လုပ်ဆောင်မှ
မှတ်သားနိုင်တဲ့သူ။
ဒါကို ကျွန်တော်သိထားသည်။ သည့်နေ့ တူမလေးကို
English စာသင်ပေးမိသည်။ အမြဲသင်ပေးလေ့ရှိ
သည်မဟုတ်။ သည်နေ့မှ တူမကလေးရဲ့ English
Tex Book ကိုတွေ့လိုက်ရ၍ တူမလေးရဲ့
English စာကို အကဲစမ်းဦးမည်ဆိုကာ သင်ပေး
ဖြစ်သွားသည်။ သင်ပေးသည်ကလည်း ထူးထူးခြား
ခြားမဟုတ်ပါ။
Good morning
Good Afternoon
Good Evening
Good Night
ဒါလေးပါပဲ။ ဒါလေးပေမဲ့ တူမလေးခမျှာ ဘယ်လိုမှ
မရနိုင်ပေ။ Good Morning ရသွားပြီး
Good Afternoon သင်သည်။ ပြီးတော့
Good morning ကိုပြန်မေးတော့ မရတော့ပေ။
တစ်ခုတော့ရှိသည်။ ကျွန်တော်က English လို
Good morning ကဘာလဲလို့မေးရင်၊
လျှင်လျှင်မြန်မြန်ပဲ မနက်ခင်းလို့ မြန်မာလို ပြန်ဖြေ
နိုင်သည်။ သို့သော် မနက်ခင်းကို English
လိုဖြေပါဆိုရင် တူမကလေးက မဖြေနိုင်ပေ။
ဖုန်းထဲက Good Morning Good Night
အသံတွေ နားထောင်းခိုင်းပြီးသင်ပေးသည်။
မရပေ။ တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံပြီး
လက်ဆွဲနှုတ်ဆက်သလို သရုပ်ဆောင်ပြီး သင်ပေး
သည်။ မရပေ။ တစ်ခုချင်းဆီကို ၅ ခါရွတ်ခိုင်းသည်။
မရပေ။ အရှေ့ကသင်ပြီးလျှင် နောက်ကမေ့သွား
သည်။ ဘယ်လို ဆက်သင်ရမှန်းလည်း ကျွန်တော်
မသိတော့။ နောက်ဆုံးမှာ သင်ကြားခြင်းကို
ရပ်နားလိုက်ရသည်။ တူမလေးကို ကျွန်တော်မဆူပါ။
မရိုက်ပါ။ နောက်နေ့မှ ဆက်သင်မည်ဟုပြောပြီး
အိပ်ခိုင်းလိုက်ပါသည်။
ဒါနဲ့မအိပ်ခင် သင်ပေးသမျှ ဘာမှတ်မိလဲလို့ မေးမိ
သည်။ အားရပါးရ တစ်ခုမှတ်မိသည်ဟု
ပြန်ဖြေသည် Good Night တဲ့...
သြော်... ကိုယ်ချင်းစာပါတယ်လေ...
Connect to me>>> Touch Image








Post creator : @myanmarkoko
From : Myanmar
Name: KoKoMoeHein
13.05.22



![]() | ![]() | ![]() |
---|---|---|
![]() | ![]() | ![]() |
Post creator : @myanmarkoko
From : Myanmar
Name: KoKoMoeHein
13.05.22