ရှားရှားပါးပါး ကံကောင်းခြင်း - ၁

in HIVE-MYANMAR12 days ago

ရှားရှားပါးပါး ကံကောင်းခြင်း - ၁

ကံကောင်းခြင်းတဲ့ တကယ်ဆို ကံကောင်းခြင်းဆိုတာ
ကျွန်တော်နဲ့မသက်ဆိုင်တဲ့အရာတစ်ခုပါ။ ကံကောင်း
ခြင်းနဲ့ပက်သက်ပြီး ပြန်စဥ်းစားဖြစ်တယ်။ ငါဘာတွေ
များ ထူးထူးခြားခြားကံကောင်းခဲ့လဲပေါ့? ။ အတွေးထဲမှာ ပေါ်လာတဲ့အတိုင်းချရေးလိုက်တယ်။

၁။ ငယ်ငယ်ကပေါ့ ဒုတိယတန်းစတက်တော့ အစ်မ
က ကွန်ဘာဘူး ဝယ်ပေးတယ်။ ဘဝမှာ လက်ဆောင်
ရလို့ပျော်တဲ့အပျော်တွေထဲမှာတော့ ဒီလက်ဆောင်က
မှတ်မှတ်ရရပါပဲ။ အဲ့ဒါကြောင့် ကံကောင်းခြင်းထဲ
ထဲ့လိုက်တယ်။

၂။ ဂစ်တာအဖြူရောင်လေး။ အဲ့ဒါက အဖေဝယ်ပေး
တာပေါ့။ ဘဝမှာ အပျော်ရွှင်ဆုံးအချိန်လို့ ခံစားခဲ့ရ
ပြီး။ ကိုယ့်ကိုယ်ကို ကံကောင်းလိုက်တာလို့ ပထမဆုံး
ခံစားမိတဲ့အချိန်ပါပဲ။ ကျွန်တော် ရှစ်တန်းနှစ်မှာပေါ့။

၃။ ဆိုင်ကယ်အဝါနက်ကြားလေး။ အဲ့ဒါကတော့
ကျွန်တော့်ဘဝမှာ ပထမဆုံး ကိုယ်ပိုင်ငွေနဲ့ ဝယ်ခဲ့တဲ့
ဆိုင်ကယ်လေးပါ။ အဲ့ဒီဆိုင်ကယ်လေးစီးပြီး
မန်းလေးမြို့ပေါ် လျောက်လည်ခဲ့ရတဲ့ ခံစားချက်ဟာ
ကမ္ဘာမှာ ကျွန်တော်ဟာ ကံအကောင်းဆုံးလူပဲလို့
ခံစားမိစေတယ်။

တကယ်ပါ ကံကောင်းလို့ လမ်းသွားရင်း ပိုက်ဆံက
လေးတောင် မကောက်ရဖူးပါဘူး။ နှလုံးထီထိုးလည်း
မပေါက်ဖူးဘူး။ ၃ လုံးထီထိုးလည်း ထိုနည်းလည်း
ကောင်း။ ဘောလုံးလောင်းတော့ တစ်ခါလား ပေါက်
ဖူးတယ်။ မြန်မာ့ထီဆိုရင်တော့ အက္ခရာ တူဖို့နေနေ
သာသာ ဂဏန်း ၂ လုံးတောင်မတူပေါင်။ ပြောပါ
တယ်။ ကံကောင်းခြင်းဆိုတာ ဘဝမှာ တစ်ကြိမ်တစ်
ခါတော့ ဘဝမှာ ကြုံရမယ်တဲ့။ ကံကောင်းခြင်းကပဲ
မျက်စိလည်ပြီး ရောက်မလာတာလား။ ကျွန်တော်က
ပဲ မျက်စိလည်ပြီး ကံကောင်းခြင်းနဲ့လွဲခဲ့တာလား
မစဥ်းတက်ပေါင်။

ဒီနေ့တော့ ရှားရှားပါးပါး ကံကောင်းခြင်းတစ်ခု
မျက်စိလည်ပြီး ကျွန်တော့်ဆီရောက်လာခဲ့တယ်။
အဲ့ဒါကတော့ MHC Chat Group ထဲမှာ ကိုဒွန်
မန်းရှင်း ခေါ်ပြီး ပို့ထားတဲ့စာကြောင့်ပါ။
ကျွန်တော်ခန့်မှန်းခဲ့တဲ့ ဘောလုံးပွဲစဥ်များ မှန်လို့တဲ့
3 Hive ကို ဆုအဖြစ်ပို့ပေးထားကြောင်း စာလေး
ပါ။ ပျော်ရပါတယ်လေ။ မဆီမဆိုင်တွေးမိတာက။
နံပက် - 7 ဝတ်ဆင်တဲ့ရောနယ်ဒို မန်ယူပြောင်းလာ
ပြီး သွင်းဂိုး ၂ ဂိုးနဲ့ မန်ယူကို ကံကောင်းခြင်းတွေ သယ်ဆောင်လာပေးတယ်။ ကျွန်တော်ကလည်း နံပက် ၇ ကို ဘယ်တုန်းကစပြီး ကံကောင်းခြင်း နံပက်လို့ ယုံကြည်ထားခဲ့လည်း မသိပါဘူးဘူး။
အဲ့ဒါ မန်ယူဖန်လည်းဖြစ် မန်ယူနိုင်မယ်လို့ အလိုလို
ယုံကြည်နေတာကြောင့် ကံကောင်းခြင်းတွေ ကူးဆက်လာတယ်လို့ တွေးမိပါတယ်။

ဒီလိုနဲ့ ကံကောင်းတာလေးများ ဘဝမှာ ထပ်ကြုံခဲ့ရင်
အစဥ်လိုက် ၁ ၂ ၃ လေး အစဥ်လိုက်ရေးလို့ရအောင်
ဒီနေ့ ကံကောင်းခြင်းကို ရှားရှားပါးပါး ကံကောင်းခြင်း - ၁ လို့ အမည်တပ်လိုက်ပါတယ်။

ကိုကိုမိုးဟိန်း
သစ်အယ်သီး

<<---(Myanmar Language)--->>


# The future is in your hand# Do not kill the time# If you love yourself
# Never give up!# Try your BESTScreenshot_2021_0706_202202.png

Untitled13.png


Connect to me>>> Touch Image

KoKoMoeHeinMyanmarkoko5kokomoehei7
26-261903_facebook-f-logo-transparent-background-download-facebook.pngimage.png5a4e9e5b232b9ff0848852b19665cf59.jpg


Post creator : @myanmarkoko
From : Myanmar
Name: KoKoMoeHein
12.09.21


Screenshot_2021_0706_191708.png


Sort:  

ထူးခြားရှားပါးတဲ့ ကံကောင်းခြင်းတစ်ခုပဲဗျို့။ ကောင်းတာတွေလုပ်ရင် ကံတွေကောင်းလာမှာပါ ကိုကိုမိုးဟိန်းရေ ကြိုးစားထား။

ဟုတ် ကောင်းတာတွေ ကြိုးစားလုပ်ဆောင်နေပါတယ်။
မနေ့ကတောင် အဆောင်က ကန်ဆေးလိုက်သေးတယ်။
ကံများကောင်းလာမလားဆိုပြီး။
အာ့ကြောင့် 3 Hive ဆုရတာနေမှာ ❤

MHC Chat မှာ ဦးညီရှိတယ်။
Facebook မသုံးတော့တာလား ဦးညီ။

img_0.9420081145764289.jpg

ဟုတ်တယ် ကိုမိုးဟိန်းရေ ကောင်းတာလုပ်ရင် ကောင်းတာရမယ်ဆို တာ ကံ - ကံ၏အကျိုး ပေါ့ဗျာ

အဆိုးတွေလည်း ရှိသလို အကောင်းတွေလည်းရှိနေမှာပဲလေ။ဒါကြောင့် အကောင်းတွေလည်း ရောက်လာအုံးမှာပါ။
!PIZZA

@myanmarkoko! I sent you a slice of $PIZZA on behalf of @uthantzin.

Did you know PIZZA has a very active community Discord? (10/10)

ဟုတ်ကဲ့ အဲ့လိုလေး အားပေးစကားပြောပေးလို့
အားရှိလိုက်တာဗျာ။ !PIZZA

@uthantzin! I sent you a slice of $PIZZA on behalf of @myanmarkoko.

Have you voted for Pizza teams Hive witness (pizza.witness)? (2/10)

ကောင်းတာတွေလုပ်တော့ ကောင်းကြိုးခံစားရတာပေါ့ အကို
!PIZZA

@myanmarkoko! I sent you a slice of $PIZZA on behalf of @naythan.

Did you know you can trade $PIZZA on Hive-Engine, Tribaldex, or LeoDex? (4/10)

ဟုတ်တယ်ဗျာ။ ဒါပေမဲ့ ကောင်းတဲ့ကံတွေက ချက်ချင်း အကျိုးမပေးဘူးတဲ့
အဲ့လိုကြားဖူးတာပဲ 😅 !PIZZA

@naythan! I sent you a slice of $PIZZA on behalf of @myanmarkoko.

Did you know you can now buy Rising Star packs with $PIZZA? (1/10)

ကံကောင်းခြင်းတွေ အစုလိုက်လာတတ်ပါတယ်
!PIZZA

@myanmarkoko! I sent you a slice of $PIZZA on behalf of @htwegyi.

Did you know you can earn $PIZZA through Hive-Engine Diesel Pools? (2/10)

အဲ့လို အစုလိုက်ကြီး လာစမ်းပါလို့ ဥိးထွေးရာ 😅

!PIZZA

ရှေ့လျောက် ကံကောင်းခြင်းတွေအများကြီး ပိုင်ဆိုင်နိုင်ပါစေ

ဆက်တိုက်ကံကောင်းပါလိမ့်မယ် ... Hive Platform ကလူသိများလာပြီလေ....😀😀😀😀 !PIZZA

@myanmarkoko! I sent you a slice of $PIZZA on behalf of @kachinhenry.

Have you voted for Pizza teams Hive witness (pizza.witness)? (10/20)

 12 days ago Reveal Comment