ကျွန်တော်တို့ မြို့နားက လွိုင်လုံ ပရဟိတ

in HIVE-MYANMARlast month

အားလုံးပဲ မင်္ဂလာပါ။

ဒီနေ့မှာတော့ ‌ကျွန်တော်တို့ တောင်ကြီးမြို့ နမ့်ခုံးစာကြည့်တိုက် နဲ့ လူငယ်အဖွဲ့ က တောင်ကြီးမြို့ အနီးမှာရှိတဲ့ လွိုင်လုံပရဟိတအတွက် လိုအပ်တဲ့ ဆန် တစ်အိတ်၊ ဆီ နှစ်ပုံး၊ ဗလာစာအုပ် ၅၉ ဒါဇင် နဲ့ ဘောပင် အချောင်းပေါင်း ၃၆၀၊ အထွေထွေသုံး ဆပ်ပြာဆီ ၂ ဗူး နဲ့ refill ပြန်ဖြည့်ဖို့ ဗူးကြီးတစ်ဗူးတို့ကို သွားရောက်လှူဒါန်းခဲ့ပါတယ်။ ဘုန်းကြီးကျောင်း အတွက် ဝါဆို သင်္ကန်းနဲ့ အနေကထိုင် တစ်စုံတို့ကိုလဲ လှူဒါန်းဖြစ်ခဲ့ပါတယ်။

ဒီလွိုင်လုံပရဟိတမှာ ကျောင်းသူ ကျောင်းသားပေါင်း ၄၅၀ ကျော် ရှိတယ်လို့သိရပါတယ်။ ကျောင်းသူ/သားတွေက ရှမ်းပြည် ဒေသအသီးသီးကဖြစ်ကြပြီး ဘုန်းကြီးကျောင်းကပဲ နေထိုင်ဖို့နဲ့ ပညာသင်ကြားဖို့ စီစဉ်ပေးတာ ဖြစ်ပါတယ်။ ဦဇင်း ပြောပုံအရဆို ရှမ်းပြည် မြောက်ပိုင်း မူဆယ်၊ နမ့်ခမ်းဘက်က ကလေးလူငယ်လေးတွေလဲ ပါတယ်လို့ သိရှိခဲ့ရပါတယ်။ အရင် နှစ်ပါတ်က ကျောင်းမှာရှိတဲ့ လိုအပ်ချက်တွေကို စုံစမ်းကြည့်တဲ့ အချိန်တုန်းက တော့ ကျောင်းသား/သူ ၃၅၀ သူရှိတာမို့ အယောက် ၃၅၀ စာ ဗလာစာအုပ်နဲ့ ဘောပင်တွေ ဝယ်ယူခဲ့မိပါတယ်။ ဒီနေ့ ဦးဇင်းပြောကြားချက်အရ အယောက် ၄၅၀ ရှိတာမို့ ဒီနှစ်ပါတ်အတွင်း ကျောင်းသား/သူ အရေအတွက်တိုးသွားတာလား ရှေ့အပါတ်မေးမြန်းစဥ်က နားကြားလွဲတာလား ဆိုတာတော့ ဦးဇင်းကို ထပ်မမေးမိပါ။

ကျောင်းကဦးဇင်းကို မေးလျှောက်ကြည့်မိတဲ့အခါမှာတော့ ကျောင်းသူကျောင်းသားတွေအတွက် ဆေးဝါး လိုအပ်ချက်တွေရှိနေသေးတယ်လို့သိရပါတယ်။ ဘုန်းကြီးကျောင်းက မြို့အပြင်ဘက် တောင်ကုန်းပေါ်မှာ တည်ရှိတာမို့ အအေးဓါတ်ပိုတာကြောင့် နာစေး၊ ချောင်းဆိုး၊ ဖျားနာတာတွေအတွက် ဆေးဝါးလုံလောက်မှုမရှိသေးဘူးလို့ သိရပါတယ်။

ခုချိန်မှာတော့ ရှမ်းပြည်တွင်း မငြိမ်သက်မှုတွေနဲ့ စစ်ပွဲတွေကြောင့် စစ်ဘေးရှောင်တော်တော်များများ တောင်ကြီးမြို့ အနီးအနားက ဘုန်းကြီးကျောင်းတွေမှာ ရောက်ရှိနေကြရပါတယ်။ ဒီစစ်ဘေးရှောင်တွေမှာ လဲ လိုအပ်ချက်ကိုစီ ရှိကြမည်မှာ အမှန်ပင်။ ကျွန်တော်တို့ တတ်နိုင်သလောက် ဝိုင်းဝန်းကူညီကြရမည်။ တိုင်းပြည် ကြီးကိုလဲ အမြန်ပြန်လည်နေကောင်းစေချင်ပြီ။

အားလုံး ကျန်းမာ ချမ်းသာကြပါစေ။

@princekham
3rd June 2022

Sort:  

That is nice activity!
!LUV
!PIZZA

Yes, thank you!
!LUV

!PIZZA
!MEME


Credit: cmmemes
Earn Crypto for your Memes @ hiveme.me!

တိုင်းပြည်ကြီး အမြန်အေးချမ်းပါစေ။
!PIZZA

ဟုတ်ကဲ့။ ကျေးဇူးပါ။
!PIZZA

PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
htwegyi tipped princekham (x1)
@princekham(3/5) tipped @htwegyi (x1)

Please vote for pizza.witness!

Yay! 🤗
Your content has been boosted with Ecency Points, by @princekham.
Use Ecency daily to boost your growth on platform!

Support Ecency
Vote for new Proposal
Delegate HP and earn more