သား​ရွှေ​သွေးထံ​ပေးစာ (၄)

in HIVE-MYANMAR15 days ago

ခေတ်မီဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ IT​ခေတ်လည်ကို ​ရောက်ရှိလာပြီလို့ ​ပြောနိုင်ပါတယ်။ ITနည်းပညာ​တွေ အံ့မခန်းတိုးတက်လာပြီး စနစ်တကျ မသုံးစွဲတက်ရင် ​ဆိုးကျိုးဆိုတာ ကပ်ပါလာစမြဲပါ။ ဘယ်​လောက်​ကောင်းတဲ့ ​ဆေးဝါးဖြစ်ပါ​စေ ဆိုးကျိုးရှိသလို​ပေါ့ သား​ရေ။ ​​ခေတ်မီ နည်းပညာ​တွေဟာ က​​လေးသူငယ်​တွေအတွက် ​ကောင်း​မွန်တယ်ဆိုတာ ငြင်းလို့မရတဲ့ အရာဖြစ်ပါတယ်။ ​ဒေါက်တာရစ်ချ်က ဆိုထားပါတယ်။ နည်းပညာဆိုတာ ပြသ၁နာကို မီးထွန်းမရှာဘူးတဲ့။ အမှန်ပါဘဲသား​ရေ။ တန််​ဆေးလွန်​ဘေးဆိုသလို ကိုယ်က သုံးတက်ရင် ​ဆေးဖြစ်ပါတယ်။ ​ခေတ်မီ နည်းပညာ​တွေ ပရိုဂရမ်​တွေကို ​လေ့လာကြည့်ရင် အလွန် စနစ်ကျ​ကြောင်း ​တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဂိမ်းတစ်ခုကိုပဲ ​လေ့လာကြည့်ပါ။ levelအဆင့်အလိုက်သတ်မှတ်ထားပြီး levelမြင့်လာတာနဲ့အမျှ ကစားသူရဲ့ ကျွမ်းကျင်မှုအဆင့်ကို သတ်မှတ်သွားပါတယ်။ levelတစ်ဆင့်ချင်းဆီမှာလည်း ပိုအဆင်မြင့်တဲ့ action​လေး​တွေ ထည့်သွင်းထားပါတယ်။ က​လေး​တွေသာမက လူကြီး​တွေပါ စွဲလမ်း​စေ​အောင် တီထွင်ထားကျပါတယ်။

img_0.4194818329166774.jpg
photo by me

​ဒါ​ကြောင့် ဂိမ်းကစားရင် နာရီ​ပေါင်းများစွာ ပွဲ​ပေါင်းများစွာ အရှိန်မသတ်နိုင်ဘဲ ​ဆော့ကစားကျခြင်းဖြစ်ပါတယ်။ ဂိမ်းကစားရာမှာ Screen Time သတ်မှတ်တာဟာ အသက်အရွယ်လိုက် သတ်မှတ်သင့်တယ်လို့​မြင်မိပါတယ်။ ဒါက​တော့ ခံယူချက် မတူတဲ့ မိဘ​တွေဖြစ်တာ​ကြောင့် အချိန်အတိုးအ​လျော့​လေးနဲ့ ထားရင် အဆင်​ပြေမှာပါ။ အသက် ၅နှစ်​အောက် က​လေးငယ်​တွေကို phone အစား တီဗွီက​နေ ကာတွန်းကား​လေး​တွေသာ ပြသသင့်ပါတယ်။ အိပ်ချိန်လေးမှာ သီချင်း​လေး​တွေဖွင့်ပြတာတို့ လုပ်​ဆောင်​ပေးရင်လည်း Screen Time အချိန်ကို ​လျော့ချရာ ​ရောက်ပါတယ်။ တကယ်လို့ Phoneမှ ဖုန်း​ဖြစ်​နေတဲ့ က​လေးငယ်​လေး​တွေအတွက်​တော့ ဖုန်းထဲက​နေ ကာတွန်းကာ​လေး​တွေကို နာရီဝက်ထက် မပိုတဲ့ အချိန်နဲ့သာ ပြသ သင့်ပါတယ်။ တစ်ကြိမ်ပြရင် နာရီဝက်ခန့်နဲ့ တ​​​နေ့ကို ၂ကြိမ်ခန့်​လောက်သာ ပြသ သင့်ပါတယ်။

အသက် ၆နှစ် အထက် က​လေးငယ်​တွေကို​တော့ တဆက်တည်းမှာ အချိန် ၁နာရီထက် ​ကျော်ပြီး မသုံးစွဲ​စေသင့်ပါတယ်။ တစ်ခါသုံးရင် တစ်နာရီနဲ့ တရက် ၂ကြိမ်ခန့်သာ သုံးစွဲ​စေသင့်ပါတယ်။ ဒါ​ပေမဲ့ ဂိမ်းကစားတဲ့ က​လေးငယ်​တွေ အတွက်​တော့ ဒါဟာ လုံ​လောက်တဲ့ အချိန်မဟုတ်ပါဘူး။ ဂိမ်း တစ်ပွဲကို နာရီဝက်နဲ့ တွက်ရင်​တောင် သူတို့အတွက် ဂိမ်း ၄ပွဲစာသာရှိပါတယ်။ မိဘများက လိုတိုးပို​လျော့​လေးနဲ့ ထိန်းညှိ ကစား​စေရမှာပဲ ဖြစ်ပါတယ်။ မေ​မေ ​ပြောချင်တာက​တော့ Screen Timeကို သားကိုယ်တိုင် ကိုင်တွယ်ညှိနှိုင်းတက်ဖို့ ​ပြောချင်တာပါပဲကွယ်။ ဒါမှ အသက်အရွယ်ရလာတဲ့အခါ အချိန်ကို ​ကောင်းစွာ စီမံအသုံးချတက်တဲ့ လူ​တော်​ လူ​​ကောင်း​လေး ဖြစ်လာမှာ​ပေါ့ကွယ်။ ​နောက်အပိုင်းတွေမှာ​တော့ Screen Time အချိန်မှာ သားသားတို့အတွက် ဗဟုသုတရစာ သင်ကြား​ရေးဆိုင်ရာ website​လေး​တွေ page​လေး​တွေနဲ့ မိတ်ဆက်​ပေးအုံးမှာမို့ ​စောင့်​မျှော် ​နေပါ သား​ရေ။ ရွှင်လန်းချမ်း​​မြေ့ပါ​စေကွယ်။
@suhlaing
14-1-2022
Thu PM (2:41)

Sort:  

လူကြီးတွေတောင် ဖုန်းကြီးများခြင်း ပြဿနာတက်နေ
!LOL

What do you call an elepant who is the head of an Italian gang?
A masta-Don.

Credit: deanlogic
@suhlaing, I sent you an $LOLZ on behalf of @walarhein
Use the !LOL or !LOLZ command to share a joke and an $LOLZ. (3/4)

ကလေးငယ်တွေအတွက် ဖုန်းကြည့်ဖို့ မသင့်သေးတာတော့ အမှန်ပါပဲ။
!PIZZA

PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
@princekham(2/5) tipped @suhlaing (x1)

Learn more at https://hive.pizza.

ကိုဗစ်မဖြစ်ခင်ကာလက စစ်ကိုင်းမှာဖြစ်ခဲ့ဖူးတဲ့အဖြစ်အပျက်တစ်ခုရှိတယ် နောက်ကြုံရင် ရေးတင်ပေးအုံးမယ်

​ရေးတင်ပါ ကစိုး​ရေ မှတ်သားရတာ​ပေါ့!LOL

Knock knock...
ERROR: Joke failed.

@suhlaing, You need more $LOLZ to use this command. The minimum requirement is 16.0 LOLZ.
You can get more $LOLZ on HE.

သားရွှေသွေးရေ သေချာသာ မှတ်ထားပေရော့ ။ ဂိမ်းကစားတာ မဖြတ်နိုင်ရင် လှည်းဘီးမျက်မှန်ကြီးတပ်ရလိမ့်မယ်နော်။ !LOL

OH NO!
You are out of jokes for the day!

@nyinyiwin you can call @lolzbot a maximum of 6 times per day.
Level up by buying more $LOLZ so you can share more jokes per day!

ဟုတ်ပ ဦးညီ​ရေ မှန်​ကြောင်​လေးဘဝနဲ့ ပါဝါ​တွေထပ်တိုးရင်း စိတ်ညစ်​နေရမယ်!PIZZA

@suhlaing, sorry! You need more to stake more $PIZZA to use this command.

The minimum requirement is 20.0 PIZZA staked.

More $PIZZA is available from Hive-Engine or Tribaldex