How do you think "XTM" token from Torum platform?...!

in HIVE-MYANMAR12 days ago

Hive platform ပေါ်ရှိ ညီအစ်ကို မောင်နှမများအားလုံး မဂ်လာအပေါင်းနဲ့ ပြည့်စုံကြပါစေ...
screenshot_2021_09_12_17_20_51.png

ဒီနေ့တော့ Torum platform ဘက်သို့ သွားရောက်ခဲ့ပါသည်။သွားဖြစ်တဲ့ အကြောင်းအရင်းကတော့ ကျန်တော်တို့ရဲ့ အဖွဲ့ဝင်ကြီး ကိုဟိန်းခန့်မောင် မှ Group ထဲတွင် Torum Token - XTM 500 ပြည့်လို့ withdrawl လုပ်ပြီး ဘာဆက်လုပ်ရမလဲ မေးတာတွေ့လိုက်သောကြောင့် ဖြစ်ပါသည်။
ထို Torum platform မှ XTM token သည် အလားအလာကောင်းပြီး စျေးကွက်ဝင်တော့မည့် token ကောင်းတစ်ခု ဖြစ်လာမည်ဆိုတာ သေချာသလောက်ရှိနေပါသည်။
သို့သော်လည်း Hive platform တွင် စာရေး post တင်ခြင်း..leodex.io တွင်Hive engine token စျေးနှုန်းများကြည့်၍ token လေးများအား လိုအပ်သလို ဂရုတစိုက် လုပ်ဆောင်နေသောကြောင့် Torum platform သို့ မရောက်ဖြစ်ပဲ ဖြစ်နေပါတော့သည်။
screenshot_2021_09_12_20_35_40.png

Torum platform မှ XTM token လေးသည် လက်ရှိအချိန်မှာ စျေးကွက်သို့ တင်ရန်အတွက် လိုအပ်သော အဆင့်များ လုပ်ဆောင်နေခြင်းကြောင့် market ပေါ်သို့ ရောက်မလာနိုင်သေးခြင်း ဖြစ်ပါသည်။
သိပ်မကြာသောအချိန်အတွင်းမှာ Torum platform မှ XTM token မှာ စျေးကွက်သို့ ရောက်ရှိလာတော့မှာဖြစ်ပါသည်။စျေးကွက်သို့ ရောက်ရှိလာပါက ဖွဲ့စည်းပုံကောင်းပြီး အခြေခိုင်တဲ့အတွက် အချိန်အနည်းငယ်အတွင်း စျေးကောင်းလာနိုင်သော token တစ်ခုဖြစ်လာနိုင်ပါသည်။
ထို platform ပေါ်သို့ မသွားဖြစ်ခြင်း၏ အဓိက အကြောင်းအရင်းတစ်ချက်မှာ သူတို့၏ များပြားလှသော စည်းကမ်းချက်များကြောင့် မိမိတို့၏ အ​ကောင့်များ ယာယီအပိတ်ခံရခြင်း ဖြစ်ပါသည်။
Post အကြောင်းအရာ ထပ်ခြင်း ..link copy တွဲတင်ခြင်း စသော များပြားလှသော စည်းကမ်းသတ်မှတ်ချက်များကြောင့် ကျွန်တော်တို့အဖွဲ့သားများ အားလုံးလိုလို Torum account ယာယီ ပိတ်တာခံထားဖူးသူများ ဖြစ်ကြပါသည်။
မည်သို့ပင်ဖြစ်စေ XTM token လေးအား နေ့စဥ် login ဝင်ပြီး လိုအပ်တာများ လုပ်ဆောင်ခြင်းဖြင့် 500 XTM minimum withdrawl ပြည့်အောင် ကြိုးစားအုံးမည်ဖြစ်ပါကြောင်း...
သူငယ်ချင်းများအားလုံး အလားအလာကောင်းတဲ့ XTM tokenလေး အချိန်ရရင် စုထားကြပါအုံးလို့ ပြောရင်း အဆုံးသတ်လိုက်ရပါတော့သည်။
screenshot_2021_09_12_20_39_27.png

သူငယ်ချင်းများအားလုံး ကျန်းမာပျော်ရွှင်ပြီး အေးချမ်းသောနိုင်ငံ အမြန်ဆုံးရရှိနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။
@uthantzin
12.9.2021(20:00)pm

Sort:  

စိတ်ဝင်စားတယ်ဗျာ၊ ခုလို သိတာလေးတွေ sharing လုပ်ပေးတာ ကျေးဇူးပါ။

Torum မှာ ဖုန်းနံပါတ် verify မဖြစ်လို့ ဘယ်လိုလုပ်ရမလဲ

ဖုန်းနံပါတ်က ပထမတစ်ခေါက်တည်းနဲ့မရလည်း နောက်ထပ်ပြန်လုပ်ပါ။ရသွားပါလိမ့်မယ်။သူပြောထားတာက what's application account ဖွင့်ထားတဲ့ ဖုန်းနံပါတ်လို့တော့ပြောထားတာနဲ့တူတယ်။ကျွန်တော်တို့တုန်းကလည်း ဖုန်းနံပါတ်က Verified ဖြစ်ဖို့ စိတ်ရှည်ရှည်နဲ့ နှစ်ခါသုံးခါလောက်လုပ်လိုက်တာ နောက်နေ့ကျတော့ ရသွားတယ်။လူတော်တော်များများ ဖြစ်ကြတယ်။ ကျွန်တော်တို့ ဖုန်းနံပါတ်ကတော့ what application account ဖွင့်ထားတော့ verified ဖြစ်သွားတာပဲအစ်ကို။

ဟုတ်တယ် what app မရှိလို့ ဖုန်းထဲ install လုပ်ထည့်ပီး ဖုန်းချိတ် verify လုပ်တာ မရသေးဘူး

စောင့်ကြည့်ပါ ရသွားပါလိမ့်မယ်အစ်ကို

ban ခံရဖူးပါတယ်...7,14,21days သုံးကြိမ်...

အားပါးပါး သုံးကြိမ်တောင်ဆိုတော့ XTM လည်းများနေလောက်ပြီ။

သတင်းကောင်းပါပဲ....

ဟုတ်ပါ့ အခြေအနေကောင်းတဲ့ Token တစ်ခုပါ။

ဘဘကတော့ ဘာဆိုဘာမှမသိတေးတော့ လေ့လာရအုံမယ်ညီရေ့၊
အခုလိုပြောတဲ့အတွက် ကျေးဇူးပါ၊

ဟုတ်ကဲ့ပါအစ်ကို လေ့လာကြည့်အုံးလေ။

ကျွန်တော့် အကောင့်က ဖုန်း verify ဖြစ်တာတောင်
Airdrop လုပ်ဖို့ မရဘူးဗျ။
!PIZZA

XTM ရဖို့က အဓိကပါပဲလေ။ !PIZZA

@htwegyi! I sent you a slice of $PIZZA on behalf of @uthantzin.

Did you know you can trade $PIZZA on Hive-Engine, Tribaldex, or LeoDex? (1/10)

@uthantzin! I sent you a slice of $PIZZA on behalf of @htwegyi.

Did you know PIZZA team has a curation trail with 29 followers? (3/10)

အင်တာနက် လိုင်းအားနည်းတာတွေ ဖုန်းကြောင်သွားတွေလည်း ဖြစ်နိုင်တာပဲလေ။

ဟဲဟဲ အဲ့ကောင်ကြီးကို ပစ်ထားတာ ခုချိန်ထိကို
ဝင်ကြည့်ဖြစ်သေးဘူး။ ဝင်ကြည့်လိုက်မယ်။ ကျေးဇူးပါ ကိုသန့်

!PIZZA

@uthantzin! I sent you a slice of $PIZZA on behalf of @myanmarkoko.

Did you know you can earn $PIZZA through Hive-Engine Diesel Pools? (4/10)

ဟုတ် ဝင်ကြည့်လိုက်အုံး

အလားအလာ ကောင်းတဲ့ token ပါ။ !PIZZA

@myanmarkoko! I sent you a slice of $PIZZA on behalf of @uthantzin.

Did you know PIZZA has a very active community Discord? (3/10)

 12 days ago Reveal Comment