မင်္ဂလာပါ။
သားသည်ဖအေ ဘဝ။
ကလေးငယ်ငယ် အဖေ ဘဝဟာ မလွယ်လှပါဘူး။
မြန်မာ့ယဉ်ကျေးမှု အရ အဖေ ဆိုတာ အိမ်ထောင်ဦးစီး၊ အိမ်ထောင်ဦးစီး ဆိုတော့ အိမ်၏ တာဝန် ဝတ္တရားတွေကို အဓိက တာဝန်ယူ ဦးစီးဦးဆောင် လုပ်ရသူပါ။
မိသားစု စားဝတ်နေရေး၊ ကျန်းမာရေး၊ လူမှုရေး၊ အနာဂတ်ဖွံ့ဖြိုးတိုးတတ်ရေး အတွက် အစစအရာရာ ဦးစီး လုပ်ဆောင်နေတာ အဖေ ဆိုသူ အများစုပါ။
တာဝန်ယူမှု တာဝန်ခံမှု မရှိတဲ့ အဖေတွေလည်း ရှိတော့ ရှိပါတယ်။
ကျွန်တော် ကတော့ သုံးနှစ်အရွယ် သားငယ် တစ်ယောက်၏ အဖေ ပါ။
ဒီခေတ်ဒီအခါကြီးမှာ စားဝတ်နေရေး ပြေလည်ဖို့တောင် အတော်ကြိုးစားရုန်းကန်နေကြရတာ မြန်မာနိုင်ငံသား အများစုပါ။
ဒီလိုအခြေအနေမှာ မိသားစု စားဝတ်နေရေး ပြေလည်အောင်၊ အနာဂတ်ဖွံ့ဖြိုးတိုးတတ်ရေး မလစ်ဟင်းရအောင် လုပ်ဆောင်ရတာ မလွယ်ကူပါ။
ဒီကြားထဲ ကလေးထိန်းရတဲ့ အလုပ်က အခက်ဆုံးပါပဲ။
ကလေး ကို လိမ္မာရေးခြားရှိအောင်၊ အထိအခိုက်ဘေးမရှိအောင် ထိန်းသိမ်းစောက်ရှောက်ရတာ အတော်မလွယ်ကူပါ။
အဆိုးဆုံးက အဆုံးအမအသွန်အသင်မရှိသော ကလေးတွေ ရှိတဲ့ မိသားစုအိမ်မှာ အခန်းငှားနေရတာပါ။
ကိုယ့်ကလေးကို လိမ္မာအောင် သွန်သင်ဆုံးမရသည်မှာ ချော့တစ်ခါ ခြောက်တစ်လှည့်ပါပဲ။
ကလေးတွေကို အကြောက်တရားနဲ့ မရှင်သန်စေချင်ပါ။
ခက်တာက ကိုယ်တွေရဲ့ အနေအထားကလည်း ကလေး လိုအင် အရာအားလုံး ပြည့်စုံအောင် နှင့် ကလေးကို အချိန်ပြည့် အချိန်ယူနိုင်ခြင်း မရှိတာပါပဲ။
ကလေး စိတ်ဒဏ်ရာ ရမှာကို အကြောက်ဆုံးပါ။
ဖြစ်ချင်ရာဖြစ် ပစ်ထားရအောင်လည်း စိုးရိမ်သောက က မနေနိုင်ပါ။
အိုး ကလေးအဖေ ဘဝဟာ တကယ်မလွယ်ပါပဲဗျာ။